The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့လူငယ်ကစားသမားတွေရုန်းကန်နေရတယ်ဆိုတဲ့ အာမိုရင်ရဲ့အဆိုကို အားမက်စ်တုံ့ပြန်

ယခုတစ်ပတ်အတွင်းပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အငှားချထားတဲ့အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမားတွေဟာ ခြေစွမ်းပြသဖို့  ရုန်းကန်နေရကြောင်း ပြောကြားလာခဲ့ပြီး ယခုအခါမှာတော့ ရှက်ဖီးလ်ဝင်းဒေးသို့အငှားချခံထားရတဲ့ ဟယ်ရီအားမက်စ်က တုံ့ပြန်မှုတွေပြန်လည်ပြုလုပ်လာခဲ့ပါတယ်။

အာမိုရင်ဟာ ယခုရာသီအတွင်း ယူနိုက်တက်ရဲ့လူငယ်ကစားသမားတွေအပေါ် အယုံကြည်ကင်းမဲ့နေကြောင်း သိသိသာသာသတင်းတွေထွက်ပေါ်နေပြီး ပေါ်တူဂီသားဟာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးကိုတောင် လျစ်လျူရှုထားတာဖြစ်ပါတယ်။ ဒါကြောင့် မိုင်နူးအနေနဲ့လည်း လာမယ့်ဇန်နဝါရီမှာ အသင်းကနေထွက်ခွာဖို့အတွက် တောင်းဆိုလာနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပါတယ်။

ယခုသီတင်းပတ်အစောပိုင်းမှာ အာမိုရင်က "တိုဘီကိုလီယာက ဝက်စ်ဘရွန်းမှာ ကစားခွင့်မရပါဘူး။ ပြီးတော့ ဟယ်ရီအားမက်စ်ကလည်း ချန်ပီယံရှစ်မှာရုန်းကန်နေရပါတယ်။ ချီဒိုကလည်း ယူ-၂၁ အသင်းမှာတောင် အမြဲတမ်းပွဲထွက်ခွင့်မရပါဘူး"

"သူတို့ကို ထုတ်ပယ်လိုက်ဖို့ပြောနေချိန်မှာ‌တောင် ကျွန်တော်သူတို့ကို ထည့်ကစားခဲ့ပါတယ်။ ဒါကြောင့်သူတို့ရဲ့အမှားတွေနဲ့ပတ်သက်ပြီး ကျွန်တော့်မှာစိုးရိမ်မှုမရှိဘူးဆိုတာ လူတိုင်းမြင်နိုင်ပါတယ်။ ကျွန်တော်က အနိုင်ရချင်တာပါ။ တကယ်လို့ သူတို့ကအသင်းအတွက် မှန်ကန်တဲ့သူတွေဖြစ်မယ်ဆိုရင် အမြဲတမ်းကစားခိုင်းမှာပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

အာမိုရင်ရဲ့ပြောကြားချက်အပြီး မကြာမီမှာပဲ ရှက်ဖီးလ်ဝင်းဒေးသို့သွားရောက်ကစားနေတဲ့ ဟယ်ရီအားမက်စ်က အင်စတာဂရမ်မှတစ်ဆင့် ကလပ်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆို ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ဝေမျှခဲ့ပြီး ပေါ်တူဂီသားကို ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ 

သို့သော်လည်း အဆိုပါအပြုအမူဟာ လက်ရှိကစားနေတဲ့ကလပ်နဲ့ အာမိုရင်အပေါ် မလေးစားရာရောက်တယ်လို့ အပြောခံခဲ့ရပြီးနောက် ဆယ်ကျော်သက်ကစားသမားက ပုံကို ချက်ချင်းပဲ ပြန်ဖျက်ခဲ့ပါတယ်။ အားမက်စ်ဟာ ရှက်ဖီးလ်ဝင်းဒေးမှာ တစ်ရာသီအငှားစာချုပ်နဲ့သွားရောက်ကစားနေတာဖြစ်ပြီး သက်တမ်းကုန်ဆုံးပါက အိုးလ်ထရက်ဖို့ဒ်သို့ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ ထိုအခါမှသာ အင်္ဂလန်သားဟာ နည်းပြအာမိုရင်နဲ့ အနာဂတ်အတွက် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားဖွယ်ရှိပါတယ်။