ဘယ်လင်ဟမ်ကိုမြင်ရတာ ဇီဒန်းကိုတောင် သတိရမိတယ်လို့ ရော်နယ်ဒို ထုတ်ဖော်ပြောကြား
ရီးရဲလ်ဂန္ထဝင်ဟောင်း ရော်နယ်ဒိုက အင်တာဗျူးတစ်ခုမှာ ဒီရာသီအသင်းဟောင်းရဲ့စွမ်းဆောင်ရည်တွေကို ဆွေးနွေးပြောကြားခဲ့သလို ဘာပေရောက်လာမှုနဲ့ပတ်သက်ပြီးလည်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လင်ဟမ်ရဲ့ အကျိုးသက်ရောက်မှုက ကြီးမားတယ်လို့ ရော်နယ်ဒိုက ဝန်ခံပြောကြားခဲ့ပါတယ်။ ဘယ်လင်ဟမ်နဲ့ပတ်သက်ပြီး ရော်နယ်ဒိုက “ကျွန်တော် ဘယ်လင်ဟမ် ကစားတာကို ချစ်နှစ်သက်ပါတယ်။ မက်ဒရစ်အတွက် သူကစားပြနေတာက တကယ်ကောင်းလွန်ပါတယ်။ ပွဲတိုင်းနီးပါး ဂိုးသွင်းနေသလို ကျွန်တော် သူကစားတာကိုကြည့်နေရတာ နှစ်သက်ပါတယ်။ ပြီးခဲ့တဲ့ပွဲအနည်းငယ်ကို ကျွန်တော် ဘာနေဗျူးမှာ ကြည့်ဖြစ်ပါတယ်။ သူက တိုက်စစ်ကို အမြဲတမ်းလိုက်နေပါတယ်။ သူ့အရည်အချင်းကို ကျွန်တော်အံ့သြမိပါတယ်။ ဧရိယာထဲကို သူဝင်ပြေးတဲ့အမြန်နှုန်းနဲ့ ဂိုးတွေကို လိုသလိုသွင်းနိုင်တာ ခင်ဗျားမြင်နိုင်မှာပါ။ သူ့ကိုမြင်ရတာ ဇီဒန်းကိုတောင် သတိရမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မက်ဒရစ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘယ်လင်ဟမ်ကို ပေါင် ၈၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အန်ဆယ်လော့တီရဲ့ ၄-၄-၂ ကစားကွက်မှာ ဦးဆောင်နေတာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ဗလန်စီယာနဲ့ပွဲမှာ ဒိုင်ကိုစောဒဂတက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီး ၂ ပွဲ ပယ်ခံခဲ့ရပါတယ်။
အဆိုပါ ၂ ပွဲပယ်ခံရတာက လာမယ့်မတ်လ ၃၁ ရက်နေ့ မတိုင်ခင် ပြီးဆုံးမှာဖြစ်ပါတယ်။