
ပြင်သစ်နည်းပြနေရာအတွက် ဂန္ထဝင်ဟောင်းကို ထောက်ခံလိုက်တဲ့ ဘာပေ
ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေက နိုင်ငံအသင်းနည်းပြနေရာအတွက် ဂန္ထဝင်ဟောင်း ဇီဒန်းကို ထောက်ခံလိုက်ပါတယ်။ ဘာပေက ဇီဒန်းတစ်ယောက် ပြင်သစ်နည်းပြရာထူးကိုရယူမယ်ဆိုရင် ဘယ်သူမှကန့်ကွက်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
သတင်းတွေအရလည်း ဒက်စ်ချမ့်ထွက်ခွာမယ်ဆိုရင် ဇီဒန်းက သူ့နေရာအစားထိုးဝင်မယ်လို့ ဖော်ပြနေကြပါတယ်။ ဒက်စ်ချမ့်ဟာ ၂၀၁၂ တုန်းက ပြင်သစ်အသင်းနည်းပြဖြစ်လာခဲ့ပြီး ၂၀၁၈ တုန်းက ကမ္ဘာ့ဖလားရအောင်စွမ်းဆောင်နိုင်ခဲ့သလို ၂၀၂၂ မှာ ဒုတိယနေရာမှာ ရပ်တည်စေခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ယူရို ၂၀၁၆ မှာလည်း ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဒက်စ်ချမ့်အနာဂတ်က မကြာခင်မှာ အဆုံးသတ်ဖွယ်ရှိနေပါတယ်။ ပြင်သစ်အသင်းဘက်ကလည်း ဇီဒန်းကို နည်းပြနေရာအတွက် ချိတ်ဆက်နေတာဖြစ်ပြီး ရီးရဲလ်အသင်းနဲ့အတူ ဒုတိယအကြိမ်ပြန်လည်ကိုင်တွယ်ရာမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။
ဇီဒန်းကို ချဲလ်ဆီး ၊ ယူနိုက်တက် နဲ့ ဆော်ဒီကလပ်တွေက ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး သူကိုယ်တိုင်က ပြင်သစ်အသင်းကိုသာ ကိုင်တွယ်ချင်နေပါတယ်။L’Equipe နဲ့အင်တာဗျူးမှာ ဘာပေက ဒက်စ်ချမ့်နေရာအတွက် ဇီဒန်းနဲ့အစားထိုးမယ်ဆိုရင်လည်း အိုကေတယ်လို့ ဖြေကြားခဲ့ပါတယ်။
“သူနဲ့ဆိုရင် ဘာမှမရှုပ်ထွေးနိုင်ပါဘူး။ သူက ဇီဒန်းပါ။ ဘယ်သူမှ သူအသင်းကိုတာဝန်ယူမယ်ဆိုရင် ကန့်ကွက်မှာမဟုတ်ပါဘူး။ သူတစ်ယောက်တည်းသာ လုပ်နိုင်တာပါ။ တကယ်လို့ သူနဲ့ဆိုရင် အသင်းကအဆင်ပြေပါတယ်။ တကယ်လို့နောက်တစ်ယောက်ကိုလည်းမေးမယ်ဆိုရင် အိုကေတယ်လို့ ပြောမှာပါ။
ဒါပေမယ့် ပြင်သစ်ဘောလုံးသမိုင်းတစ်လျှောက် သူက တစ်ဦးတည်းသောပါ။ ဒက်စ်ချမ့်က ပြင်သစ်အသင်းကို အကောင်းဆုံးတာဝန်ယူခဲ့တာပါ။ မကြာခင်မှာ နောက်ဆုံးတာဝန်ယူမှုဖြစ်လာဖွယ်ရှိနေပါတယ်။ ခင်ဗျားအဲ့တာကို အနိုင်ရဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ကမ္ဘာ့ဖလားပါ။ ဒက်စ်ချမ့်က နောက်ဆုံးမဟုတ်ပါဘူး။ တကယ်လို့ ဒီလက်ဆောင်ကို သူ့ကိုပေးနိုင်မယ်ဆိုရင် ကျေနပ်မိမှာပါ။
ဘာလို့လဲဆိုတော့ သူက ဂန္ထဝင်အနေနဲ့ နေထိုင်နေတာဖြစ်ပြီး ကမ္ဘာ့ဖလားက ကမ္ဘာ့ဖလားပါ”လို့ ဘာပေက ဖြေကြားခဲ့ပါတယ်။ ပြင်သစ်သားဟာ ၂၀၂၅ - ၂၆ ရာသီမှာ အကောင်းဆုံးစတင်ထားနိုင်ခဲ့ပြီး မက်ဒရစ်အတွက် ၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့သလို ပြင်သစ်အသင်းသမိုင်းတစ်လျှောက် ဒုတိယဂိုးအများဆုံးသွင်းယူနိုင်တဲ့သူဖြစ်လာဖို့ ၂ ဂိုးသာ လိုအပ်တော့ပါတယ်။ လာမယ့်စနေနေ့ ဆိုစီဒက်နဲ့ပွဲမှာလည်း ဘာပေတစ်ယောက် ဂိုးထပ်သွင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။