The network connection is lost.

Banner Image

ရော်နယ်ဒိုကို ဘယ်လောက်အထိ အားကျလဲဆိုတာကို ထုတ်ဖော်ပြောကြားလာတဲ့ ရီးရဲလ်စတားရဲ့မိခင်

ရီးရဲလ်စတား ဘာပေရဲ့မိခင်ကတော့ သူ့သားဟာ ရော်နယ်ဒိုကို ဘယ်လောက်အထိ အားကျခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာပေတစ်ယောက် ၂၀၂၄ နွေရာသီမှာ ငယ်ဘဝအိပ်မက်ကိုအသက်သွင်းနိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကနေ ရီးရဲလ်ထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားဟာ ဘာနေဗျူးမှာကစားချင်ခဲ့တာက ကလေးဘဝကတည်းကဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ 

ဘာပေဟာ ရီးရဲလ်စတားတွေဖြစ်ခဲ့တဲ့ ရော်နယ်ဒို နဲ့ ဇီဒန်းတို့ကို အားကျခဲ့တာဖြစ်ပြီး စပိန်ကလပ်နဲ့အတူ သူတို့ခြေရာလိုက်နင်းကာ ဆုဖလားတွေပိုမိုရယူချင်နေပါတယ်။ ဘာပေရဲ့မိခင်ဖြစ်သူ လာမာရီက သူ့သားဟာ ငယ်ဘဝတုန်းက ရော်နယ်ဒိုကိုဘယ်လောက်အထိ ချစ်မြတ်နိုးခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အဲ့တာက ဇီဒန်းနဲ့စတင်ခဲ့တာပါ။ အသက် ၄ နှစ်ကနေ အဲ့နောက် ရော်နယ်ဒိုကို အားကျခဲ့တာပါ။ ခရစ္စတီယာနိုအတွက် ကိုင်လီဟာ ပေါ်တူဂီသားဆိုတာပဲ ခေါင်းထဲရှိပါတယ်။ သူ့အတွက် သူကပေါ်တူဂီလူမျိူးဖြစ်သလို သူ့သူငယ်ချင်းအိမ်သွားချိန်မှာလည်း ပေါ်တူဂီပွဲတွေကိုကြည့်ပြီး ရော်နယ်ဒိုကို အားပေးပါတယ်။ သူက ရော်နယ်ဒိုကိုအများကြီးချစ်မြတ်နိုးခဲ့တာပါ။ သူကပေါ်တူဂီလူမျိုးလို့တောင် ပြောခဲ့ပါတယ်”လို့ လာမာရီက ပြောကြားခဲ့ပါတယ်။ ဘာပေဟာ နိုင်ငံတကာရက်သတ္တပတ်အပြီး လာမယ့်ဆိုစီဒက်နဲ့ပွဲမှာ ရီးရဲလ်အတွက် ပါဝင်ကစားမှာဖြစ်ပါတယ်။