The network connection is lost.

Banner Image

ဇီဒန်းနဲ့ အမ်ဘာပေ နှိုင်းယှဉ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူးလို့ ဆိုလိုက်တဲ့ လီဘော့ဖ်

ပြင်သစ်ဂန္တဝင်ကစားသမားဖရန့်ခ်လီဘော့ဖ်က ပြင်သစ်ဘောလုံးလောကအတွက် GOAT အငြင်းအခုံတွေမှာ ဇီဒန်းကို အမ်ဘာပေ ယှဉ်ပြိုင်နိုင်စရာ လုံးဝမရှိပါဘူးလို့ ပြောပါတယ်။
ကမ္ဘာ့ဖလားဆုရှင်ရဲ့အဆိုအရ အမ်ဘာပေကိုယ်တိုင် သူ့ရဲ့ဒုတိယမြောက်ကမ္ဘာ့ဖလားအောင်ပွဲရရှိမှုအပြင် ပြင်သစ်ရဲ့ထာဝရသွင်းဂိုးအများဆုံးကစားသမား ဖြစ်လာမယ်ရင်တောင် အတိတ်ကာလ ရီးရဲလ်မက်ဒရစ်ဂန္တဝင်ပုဂ္ဂိုလ်ထက် ပုံရိပ်မြင့်မားလာနိုင်စရာ မရှိသေးဘူးလို့ သိရပါတယ်။
Goal နဲ့တွေ့ဆုံချိန် လီဘော့ဖ်က “ လုံးဝမဖြစ်နိုင်ပါဘူး။ အမ်ဘာပေနဲ့ ဇီဒန်း နှိုင်းယှဉ်လို့မရပါဘူး။ ကစားသမားဘဝဖြတ်သန်းမှုကာလတွေကိုပါ နှိုင်းယှဉ်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ဇီဒန်းလုပ်ပြနိုင်ခဲ့တဲ့ အရာတွေက ကောင်းမွန်တဲ့ဘောလုံးသမားတစ်ဦးဖြစ်မှုအပြင် ၂၀၀၆ ကမ္ဘာ့ဖလားဖိုင်နယ်အမှားအယွင်းမျိုး ရှိမယ်ဆိုရင်တောင် လူတွေ သူ့အပေါ် ချစ်မြတ်နိုးအောင် ပြုမူနေထိုင်ခဲ့ပါတယ်။
အမ်ဘာပေမှာလည်း ပုဂ္ဂလိကဘဝနေထိုင်မှုနဲ့ပတ်သက်လို့ အငြင်းပွားစရာအချို့ ရှိခဲ့ဖူးပါတယ်။ ဒီလိုကိစ္စတွေကြောင့် ပြင်သစ်ဘောလုံးပရိသတ်အချို့ဆီမှ ဒေါသသံတွေ ကြားခဲ့ရပါတယ်။ ဇီဒန်းရှိနေတဲ့ နေရာမျိုးကို အမ်ဘာပေ ဘယ်လိုမှမရောက်ရှိနိုင်ပါဘူး။ ဇီဒန်းကိုလိုက်မီနိုင်မယ့်သူလည်း မရှိပါဘူး။
ဇီဒန်းမတိုင်ခင် သမိုင်းတလျှောက်မှာ ပလာတီနီနဲ့ ရေမွန်ကိုပါတို့လို အထင်ကရပုဂ္ဂိုလ်တွေ ရှိပါတယ်။ ကစားသမားဘဝအဆုံးသတ်ချိန် အမ်ဘာပေကိုယ်တိုင် အဲ့ဒီလိုမျိုးအဆင့်အထိ ရောက်ရှိနေမလားဆိုတာပဲ ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်”လို့ ပြောပါတယ်။