The network connection is lost.

Banner Image

အယ်ဟီလယ်နည်းပြ ထုတ်ခံရတာ မိမိပရောဂ မပါဘူးလို့ ငြင်းချက်ထုတ်လိုက်တဲ့ နေမာ

ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စူပါစတား ဘောလုံးသမားတွေကို ခေါ်ယူထားတဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက ရွှေဘောလုံးဆုရှင် ရော်နယ်ဒို၊ ဘန်ဇီးမားတို့ ကို မြင့်မားတဲ့ လုပ်ခနှုန်းထားပမာဏဖြင့် ခေါ်ယူအပြီးမှာ ပီအက်စ်ဂျီစတား နေမာကိုပါ ခေါ်ယူထားခဲ့ပြီး အယ်ဟီလယ်စတား နေမာက နည်းပြ ဂျော့ဂျီးဆပ် အထုတ်ခံရတာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဘရာဇီးစတားအနေဖြင့် ပဲရစ်အခြေစိုက်ကလပ်တွင် ၂၀၂၇ခုနှစ်အထိ စာချူပ် သက်တမ်းကျန်နေသေးတာ ဖြစ်ပေမဲ့ ရှေ့လာမယ့်နှစ် ရာသီကြို အပြောင်းအရွှေ့ ကာလအတွင်းမှာ ပီအက်စ်ဂျီအသင်းဘက်မှ လက်ခံနိုင်မယ့် ကမ်းလှမ်းမှု မပြုလုပ်ခဲ့တာကြောင့် ဆော်ဒီကလပ် အယ်ဟီလယ်အသင်းကို တစ်နှစ်လုပ်ခ ပေါင် သန်း ၁၅၀ ဖြင့် ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

အာရှအခြေစိုက် ဆော်ဒီပရိုလိဂ်ကလပ်တွေအနေဖြင့် ဥရောပ ပုံရိပ်မြင့်ထိပ်တန်းကစားသမားတွေကို ပစ်မှတ်ထားလာနေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒို ကို တစ်နှစ်လုပ်ခ ယူရို သန်း ၂၀၀ဖြင့် ခေါ်ယူထားခဲ့သလို ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီအတွက် ရွှေဘောလုံးဆုရှင် ပြင်သစ်ဝါရင့်တိုက်စစ်မှုး ဘန်ဇီးမားကိုပါ တစ်နှစ်လုပ်ခ ယူရို သန်း ၁၀၀ဖြင့် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

အယ်ဟီလယ်အသင်းက တိုက်စစ်ပိုင်းဖြည့်တင်း‌ရေးအတွက် ဘရာဇီးကြယ်ပွင့်နေမာကို မြင့်မားတဲ့ လုပ်ခနှုန်းထားဖြင့် ခေါ်ယူထားခဲ့တာဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် နေမာက ကြံ့ခိုင်မှုအခြေအနေကြောင့် ဆော်ဒီကလပ်အသင်းတွင် ပွဲချိန် မိနစ် ၉၀ ပြည့် ၂ ပွဲသာ ပါဝင်ကစားပေးနိုင်သေးတာ ဖြစ်ပါတယ်။

နည်းပြ ‌ဂျော့ဂျီးဆပ်ထုတ်ခံခဲ့ရာမှာ နေမာရဲ့ ပရောဂ ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဘရာဇီးကြယ်ပွင့် နေမာက“မဟုတ်တာ။ နည်းပြ ထုတ်ပယ်ခံလိုက်ရတာက ကျွန်တော်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဖော်လိုဝါ သန်းချီရှိနေတဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ ဒီလိုမျိုး မဟုတ်ကဟုတ်က သတင်းတွေ ဖော်ပြနေတာမျိုးက ရပ်တန့်သင့်နေပါပြီ။ ကမ္ဘာ့တစ်ဝှမ်းလုံးက လူတွေအပေါ် လေစားမှုပြသရမှာပါ။ ဒီလို ကိစ္စမျိုးတွေက အသရေဖျက်ရာရောက်တာကြောင့် ကျွန်တော့်အနေနဲ့ ဆက်မလုပ်ကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။