The network connection is lost.

Banner Image

ဆော်ဒီပြည်တွင်းလိဂ်ပြိုင်ဘက်အယ်လ်ဟီလယ်ဆီ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူးဘန်ဇီးမား

ပြင်သစ်တိုက်စစ်မှူးဘန်ဇီးမားက အယ်လ်အစ်တီဟတ်မှထွက်ခွာကာ ဆော်ဒီပရိုလိဂ်ပြည်တွင်းပြိုင်ဘက်အယ်လ်ဟီလယ်ဆီပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။

အသက် ၃၈ နှစ်အရွယ်ကစားသမားက ၂၀၂၃ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်မှထွက်ခွာကာ အယ်လ်အစ်တီဟတ်ဆီ ပြောင်းရွှေ့လာခဲ့ပြီး ဆော်ဒီမြေဆီရောက်ရှိနေကြတဲ့ ကမ္ဘာ့အဆင့်ဘောလုံးကြယ်ပွင့်တွေနဲ့ပူးပေါင်းခဲ့ပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကပဲ အယ်လ်အစ်တီဟတ်ကမ်းလှမ်းခဲ့တဲ့စာချုပ်သစ်ဟာ သူ့အပေါ် စော်ကားရာရောက်တယ်လို့ ဘန်ဇီးမားယူဆခဲ့တာကြောင့် ကလပ်အသင်းနဲ့ ကစားသမားအကြား ဆက်ဆံရေးတင်းမာလာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ ဘော်လွန်းဒီအော်ဆုရှင်ဟာ အင်တာမီလန်နည်းပြဟောင်းအင်ဇာဂီတာဝန်ယူနေတဲ့ အယ်လ်ဟီလယ်အသင်းနဲ့ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

ဘန်ဇီမာက ရီးရဲလ်မက်ဒရစ်မှပြောင်းရွှေ့လာပြီးနောက်ပိုင်း အယ်လ်အစ်တီဟတ်အတွက် ၈၃ ပွဲကစား၊ ၅၄ ဂိုးသွင်းပေးရင်း အသင်းကပ္ပတိန်အဖြစ် တာဝန်ယူခဲ့ပါတယ်။