The network connection is lost.

Banner Image

နေမာနဲ့ပတ်သက်လို့ ဘရာဇီးနည်းပြအန်ဆယ်လော့တီဆီ သတင်းစကားပါးလိုက်တဲ့ ရိုဒရီဂို

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးရိုဒရီဂိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းလူစာရင်းနဲ့ပတ်သက်လို့ နေမာကို အသင်းအစီအစဉ်တွေရဲ့အဓိကနေရာမှာ ဆက်ထားရှိရမယ်လို့ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။

နည်းပြအန်ဆယ်လော့တီလက်အောက် ဘရာဇီးအသင်းက အကူးအပြောင်းကာလကို ဖြတ်သန်းနေရလို့ ဘာစီလိုနာကြယ်ပွင့်ဟောင်းနေမာရဲ့အခန်းကဏ္ဍပတ်သက်ပြီး အငြင်းအခုံတွေ ပြင်းပြင်းထန်ထန်ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ရိုဒရီဂိုကတော့ ကမ္ဘာ့ဖလားအောင်မြင်မှုရယူနိုင်ဖို့အတွက် ဒီစီနီယာကစားသမားကြီးကို မရှိမဖြစ်လိုအပ်မယ်လို့ ယုံကြည်နေပါတယ်။

CazeTV ရဲ့ "Um Dia Com..." အစီအစဉ်မှာ ရိုဒရီဂိုက သူ့ရဲ့ စံပြပုဂ္ဂိုလ်နေမာကို စိတ်အားထက်သန်စွာကာကွယ်ပေးခဲ့ပြီး အသင်းအတွင်း နေမာရဲ့အရေးပါမှုနဲ့ ဩဇာလွှမ်းမိုးမှုတွေကို အလေးပေးပြောကြားခဲ့ပါတယ်။

"ဒါကတော့ ရှင်းပါတယ်။ ကျွန်တော့်အမြင်အရပြောရရင် ဒါ ငြင်းခုံနေဖို့တောင်မလိုတဲ့အချက်ပါ။ ဒါပေမဲ့ သူ ကျန်းမာနေဖို့နဲ့ အဆင်သင့်ဖြစ်နေဖို့လိုတယ်ဆိုတာတော့ ကျွန်တော်တို့ သိပါတယ်။ သူက ဒူးဒဏ်ရာခွဲစိတ်မှုမှ ပြန်လာဖို့ လုပ်ဆောင်နေပါတယ်။ နေမာမပါဘဲ အနိုင်ရရှိမှုဆိုတာ အနှစ်သာရမပြည့်၀လို့ ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ်" လို့ ရိုဒရီဂိုက ဆိုပါတယ်။