The network connection is lost.

Banner Image

အယ်လ်ဟီလယ်အသင်းမှာ နေရာပျောက်ဆုံးသွားတဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ဒါဝင်နူးနက်ဇ်

လီဗာပူးတိုက်စစ်မှူးဟောင်းဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ အခွင့်အရေးနည်းပါးသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်၊ လီဗာပူးမှ ပေါင် ၅၀ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နူးနက်ဇ်က ပြီးခဲ့တဲ့ခရစ္စမတ်ကာလမတိုင်ခင်အထိ အယ်လ်ဟီလယ်ရဲ့အဓိကတိုက်စစ်မှူးအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

ဒါပေမဲ့ ဒါဝင်နူနက်ဇ်က အယ်လ်အစ်တီဟတ်တိုက်စစ်မှူးဘန်ဇီးမားရောက်ရှိလာမှုနဲ့အတူ သူ့ရဲ့တိုက်စစ်ပိုင်းတစ်နေရာစာကို ဖယ်ပေးလိုက်ရပါတယ်။ အယ်လ်ဟီလယ်အသင်းက ဘန်ဇီးမားကို နိုင်ငံခြားသားကစားသမားစာရင်းမှာ ထည့်သွင်းနိုင်ဖို့အတွက် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဝင်အသင်းလူစာရင်းမှ ပယ်ဖျက်လိုက်ပါတယ်။


ဒါကြောင့် လတ်တလောအခြေအနေအရ ဒါဝင်နူနက်ဇ်က အခုဘောလုံးရာသီလက်ကျန်ပွဲစဉ်တွေအတွက် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းမှာသာ ပါဝင်ကစားခွင့် ရရှိပါလိမ့်မယ်။