The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားက ချန်ပီယံလိဂ်ထက်ပိုအဖိုးတန်တယ်လို့ မာရက်စ်ကာ အခိုင်အမာဆို

ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာ လာမယ့်နှစ်တွေမှာ ချန်ပီယံလိဂ်ဆုဖလားထက် ကလပ်ကမ္ဘာ့ဖလားကပိုအဖိုးတန်လာနိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အီတလီသားနည်းပြက ပီအက်စ်ဂျီနဲ့နိုင်ပွဲက နည်းစနစ်အကြောင်းကိုပါ ထုတ်ဖော်ပြောကြားခဲ့သလို အဲ့နည်းစနစ်ကလည်း အသင်းကိုဆုဖလားရအောင် ကူညီပေးနိုင်တာလို့ ပြောကြားလိုက်ပါတယ်။

မာရက်စ်ကာအတွက်တော့ လာမယ့်ရာသီသစ်မတိုင်ခင်မှာတင် ကလပ်ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပြီး ပယ်လ်မာ ၊ ဂျာအိုပက်ဒရိုတို့ရဲ့ဂိုးတွေနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆုဖလားရယူနိုင်ခဲ့ပြီးနောက် မာရက်စ်ကာက “ဒီပြိုင်ပွဲက တစ်နေ့မှာချန်ပီယံလိဂ်ဆုဖလားထက် အရေးပါလာနိုင်ပါတယ်။ အဲ့တာက ကျွန်တော့်ခံစားချက်ပါ။ ကျွန်တော် မန်စီတီးကို ချန်ပီယံလိဂ်မှာအနိုင်ရချိန် ကျွန်တော် နည်းပြအဖွဲ့ဝင်အဖြစ်ရှိခဲ့တာ ကံကောင်းပါတယ်။

အခုတော့ အဲ့အခိုက်အတန့်တွေပြန်ရခဲ့ပါပြီ။ ဒါပေမယ့် အမှန်တရားက အခုပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးပြိုင်ပွဲတစ်ခုပါ။ ချန်ပီယံလိဂ်လိုမျိုး တန်ဖိုးထားပါတယ်။ ဒီဖလားက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ဆုဖလားဖြစ်သလို ချဲလ်ဆီးပရိသတ်တွေအတွက်လည်း အတူတူပါပဲ။ ကျွန်တော်တို့ အခုဆိုဆုဖလားအောင်မြင်ခဲ့တဲ့အတွက်ဂုဏ်ယူမိပါတယ်။

မှန်ပါတယ်။ ကျွန်တော့်အစီအစဉ်တွေအလုပ်ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီကွင်းလယ်လူ ၃ ဦးရှိပါတယ်။ ၂ ဦးက ရိစ် နဲ့ ကိုင်စီဒိုကို ထိန်းချုပ်သလို ဗီတင်ဟာက အန်ဇိုကု ထိန်းချုပ်ပါတယ်။ အဲ့ကနေ အခွင့်အရေးကောင်းတွေအသုံးချပြီး ကျွန်တော်တို့ ဂိုးတွေရယူနိုင်ခဲ့ပါတယ်။ အဲ့တာက ပွဲအစီအစဉ်ဖြစ်စလို ကျွန်တော် အကြိမ်ရေများစွာပြောခဲ့သလို မတူညီတဲ့နည်းစနစ်တွေအသုံးပြုခဲ့ပါတယ်။

နေရာလိုက်ကစားသမားတွေကလည်း အကူအညီပေးခဲ့သလို သူတို့အရာအားလုံးပေးဆပ်ခဲ့ရပါတယ်။ ဒီနေ့မှာ အဲ့တာ တော်တော်လေးအလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အားလုံးခြုံကြည့်ရင် ကျွန်တော်ပြောခဲ့သလိုပါပဲ။ အသင်းမှာရှိတဲ့လူတိုင်းရဲ့အားထုတ်မှုကြောင့် အခုလိုအောင်မြင်ခဲ့တာပါ။ ကျွန်တော် အရမ်းပျော်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အားလုံးအခုအခိုက်အတန့်နဲ့ထိုက်တန်ပါတယ်”လို့ မာရက်စ်ကာက ဖြေကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့်ပရီးမီးယားလိဂ်ရာသီသစ်မတိုင်ခင် လေဗာကူဆင် ၊ မီလန်တို့နဲ့အပါအဝင် အသင်းတော်တော်များများနဲ့ ခြေစမ်းပွဲကန်မှာဖြစ်ပါတယ်။