The network connection is lost.

Banner Image

ယူနိုက်တက်သို့‌ပြောင်းရွှေ့လိုပါက ခြေစွမ်းတိုးတက်အောင်ကြိုးစားရန်လိုကြောင်း သတိပေးခံလိုက်ရတဲ့ ပယ်လ်မာ

အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်းကွင်းလယ်လူဟောင်း အီမန်နျူရယ် ပီတစ်က ချဲလ်ဆီးကြယ်ပွင့် ကိုးလ်ပါးမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောကြားလာပါတယ်။

ပါးမားဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် စုစုပေါင်း ၁၀ ဂိုးအထိ သွင်းယူပေးထားပြီး လီယမ် ရိုဆင်နီယာနဲ့ အန်ဇို မာရက်စကာတို့ လက်ထက် ပရီမီယာလိဂ်ပွဲစဉ်တွေမှာ ၉ ဂိုးအထိ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၀ သန်းနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရှိလာတဲ့ အင်္ဂလန်ကြယ်ပွင့်ဟာ ပထမဆုံး ရာသီတွေမှာ ချက်ချင်းဆိုသလို အောင်မြင်မှုတွေ ရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူရဲ့ခြေစွမ်းက အနည်းငယ် ကျဆင်းလာခဲ့ပါတယ်။

ငယ်စဉ်ကတည်းက မန်ချက်စတာယူနိုက်တက်ကို အားပေးခဲ့တဲ့ ပါးမားဟာ လန်ဒန်အနောက်ပိုင်းက ပတ်ဝန်းကျင်တွေထက် အင်္ဂလန်မြောက်ပိုင်းက သူနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ နေရာတွေကို လွမ်းဆွတ်နေတာကြောင့် အဲဒီဒေသကို ပြန်သွားချင်နေတယ်လို့လည်း အစောပိုင်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ပါးမား တစ်ယောက် တကယ်ပဲ မပျော်မရွှင် ဖြစ်နေတာလား။
ပါးမားကတော့ ဒီကောလာဟလတွေကို ပယ်ချထားပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ မန်ယူအသင်းက သူ့ကို အနီးကပ် စောင့်ကြည့်နေချိန်မှာပဲ ပီတစ်ကတော့ ပါးမားဟာ စိတ်မပျော်မရွှင် ဖြစ်နေနိုင်သေးတယ်လို့ BetGoat နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

"ပါးမားမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် မသိဘူး။ ပြီးခဲ့တဲ့ ရာသီက ပွဲတွေ အများကြီး ကစားခဲ့ရလို့ သူ ပင်ပန်းနေတာလို့လည်း ပြောလို့ရပေမဲ့ ပါရီစိန့်ဂျာမိန်း အသင်းကို ကြည့်လိုက်ပါ။ သူတို့လည်း ပွဲအရေအတွက် အတူတူပဲ ကစားနေရတာပါ၊ ဒါပေမဲ့ သူတို့ ကစားပုံက အဲ့ဒီလို မဟုတ်သလို ဘောလုံးကစားရတာကိုလည်း ပျော်ရွှင်ပုံ မရကြဘူး" လို့ ပီတစ်က ဆိုပါတယ်။

"ပါးမားကို ကြည့်လိုက်ရင် မန်စီးတီးက ဖီးလ်ဖိုဒန်ကို ပြေးသတိရမိပါတယ်။ သူတို့နှစ်ယောက်ဟာ အင်္ဂလန် ဘောလုံးလောကရဲ့ အနာဂတ်အတွက် အကောင်းဆုံး မျိုးဆက်သစ်တွေလို့ ပြောလို့ရပါတယ်။ ဖိုဒန်က မန်စီးတီးမှာ၊ ပါးမားက ချဲလ်ဆီးမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေအရဆိုရင် သူတို့ဟာ နောက်လာမယ့် နှစ်အနည်းငယ်အတွင်း ရွှေဘောလုံးဆု (Ballon d’Or) အတွက် ယှဉ်ပြိုင်နိုင်မယ့် ကစားသမားတွေ ဖြစ်သင့်တာပါ"

"ဒါပေမဲ့ အခုတော့ ရုတ်တရက်ဆိုသလိုပဲ သူတို့ရဲ့ ခြေစွမ်းတွေက ပျောက်ကွယ်သွားခဲ့တယ်။ ကွင်းထဲမှာ သူတို့ လုံးဝကို မပျော်မရွှင် ဖြစ်နေတာကိုလည်း မြင်တွေ့နေရပါတယ်။ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ထင်ပါတယ်"

"ပါးမား မန်ယူကို ပြောင်းမလားဆိုတာကတော့... မေဆန်မောင့်လို ကစားသမားဟောင်းတွေမှာလည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးတာပဲ။ ဒါပေမဲ့ မန်ယူအသင်း အရင်လို ခြေစွမ်းမျိုး ပြန်ရဖို့အတွက် အချိန်ပေးဖို့တော့ လိုပါလိမ့်မယ်" လို့ ၎င်းက ဆက်ပြောခဲ့ပါတယ်။

ပါးမားဟာ ပြီးခဲ့တဲ့ ရာသီကလို ခြေစွမ်းကောင်းမျိုးကို ပြန်မရသေးတာကြောင့် နွေရာသီ အပြောင်းအရွှေ့ကာလ နီးကပ်လာတာနဲ့အမျှ ကမ္ဘာ့ဖလားအပြီးမှာ ချဲလ်ဆီးမှာ ဆက်နေမလားဆိုတာကို ပြန်လည် စဉ်းစားလာနိုင်ဖွယ် ရှိနေပါတယ်။