The network connection is lost.

Banner Image

ဖီအိုရင်တီးနား အားကစားဒါရိုက်တာ ပါရာတီချီက ချဲလ်ဆီးနည်းပြဟောင်း မာရက်စကာကို ဆက်သွယ်ခဲ့

ဖီအိုရင်တီးနားအသင်းရဲ့ အားကစားဒါရိုက်တာသစ် ဖေဘီယို ပါရာတီချီဟာ အန်ဇို မာရက်စကာဆီကို ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ နည်းပြ ပါအိုလို ဗာနိုလီက ဖီအိုရင်တီးနားအသင်း တန်းမဆင်းရဘဲ လုံခြုံတဲ့အဆင့်မှာရှိနေအောင် ကြိုးစားပေးနေပေမဲ့ ရာသီအကုန်မှာတော့ နည်းပြအသစ်ခန့်အပ်ဖို့ အလားအလာရှိနေဆဲဖြစ်ပြီး ဗာနိုလီရဲ့စာချုပ်ကလည်း ဇွန်လကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

TMW ရဲ့ဖော်ပြချက်အရ ပါရာတီချီက မာရက်စကာကို စီးရီးအေဆီ ပြန်လာဖို့ ဖုန်းဆက်ကမ်းလှမ်းခဲ့တာဖြစ်ပြီး မာရက်စကာဘက်က သိပ်ပြီး စိတ်အားထက်သန်ခြင်းမရှိပေမဲ့ ပါရာတီချီကတော့ ဖီအိုရင်တီးနားကွင်းလယ်လူဟောင်းလည်းဖြစ်တဲ့ သူ့ရဲ့အီတလီလူမျိုးအချင်းချင်းကို ဖလောရင့်စ်မြို့ဆီ ပြန်လာဖို့ အနည်းဆုံးတော့ ထည့်သွင်းစဉ်းစားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

မာရက်စကာက ဒီကမ်းလှမ်းမှုကို လုံးဝငြင်းပယ်တာမျိုး မလုပ်ခဲ့ပေမဲ့ မန်စီးတီးမှာ ပက်ဂွါဒီယိုလာရဲ့နေရာကို ဆက်ခံခွင့်ရဖို့ အခြေအနေတွေရှိနေတာကြောင့် ဖီအိုရင်တီးနားကို စောင့်ခိုင်းထားဦးမှာဖြစ်ပါတယ်။ အကယ်၍ ဂွါဒီယိုလာသာ အသင်းက ထွက်ခွာခဲ့မယ်ဆိုရင် မန်စီးတီးမှာ နည်းပြအဖွဲ့ဝင်အဖြစ် နှစ်ကြိမ်တိုင်တိုင် လုပ်ကိုင်ခဲ့ဖူးတဲ့ မာရက်စကာဟာ စီးတီးအတွက် အလိုချင်ဆုံးနဲ့ အဓိကရွေးချယ်စရာ ဖြစ်နေပါတယ်။