The network connection is lost.

Banner Image

ယူရို ၂၀၂၄ ဖိုင်နယ်မှာတုန်းက ပထမပိုင်းမှာကတည်းက လူစားလဲသင့်တဲ့ အင်္ဂလန်ကစားသမားနှစ်ဦးရဲ့ နာမည်ကို ပြောကြားတဲ့ ဂယ်ရီနဗီးလ်

ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်ခဲ့သော်လည်း ဒုတိယပိုင်း ၄၅ မိနစ်တွင် စပိန်အသင်းဟာ အသာစီးရယူကာ အင်္ဂလန်အသင်းကို အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ စပိန်အသင်းနည်းပြ ဖူရန်တီဟာ ဒဏ်ရာရနေတဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီကို မာတင်ဇူဘီမန်ဒီနှင့် အစားထိုးလဲလှယ်ခဲ့သော်လည်း ဆောက်ဂိတ်ကတော့ ပထမပိုင်းက ကစားသမားစာရင်းနဲ့ပဲ ဒုတိယပိုင်းကို ကစားခဲ့ပါတယ်။

ဘာစီလိုနာ၊ အာဆင်နယ်နှင့် ချဲလ်ဆီးတို့က စိတ်ဝင်စားနေတဲ့ နီကိုဝီလျံက ဒုတိယပိုင်း စတင်ပြီး ၂ မိနစ်မှာ ဂျော်ဒန်ပစ်ဖို့ဒ်ကို ကျော်ဖြတ်ကာ စပိန်အတွက် ဂိုးသွင်းယူခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ နောက်ထပ် ၁၄ မိနစ်စောင့်ခဲ့ပြီး ကိန်းနေရာတွင် အိုလီဝက်ကင်းစ်နှင့် မိုင်နူးရဲ့နေရာတွင် ကိုးလ်ပါလ်မာတို့ကို ထည့်သွင်းခဲ့ပါတယ်။

ကွင်းအတွင်းသို့ ဝင်ရောက်ပြီး ၃ မိနစ်အကြာတွင် ချဲလ်ဆီးကစားသမားဟာ ဂိုးဧရိယာအစပ်ကနေ အင်္ဂလန်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ရှုံးထွက်အဆင့်တွေအတိုင်း ပြန်လာနိုင်ခဲ့ပါတယ်။  သို့သော်လည်း ဖူရန်တီက အိုရာဇဘယ်ကို လူစားဝင်ရောက်စေခဲ့ပြီး ကူကူရယ်လာရဲ့ ဖြတ်မှုကနေ သူက အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် စပိန်တို့ ဥရောပချန်ပီယံဆုဖလားကို ၄ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ လူစားမလဲခဲ့တဲ့ ဆောက်ဂိတ်ကို နဗီးလ်က အံ့အားသင့်ခဲ့ပြီး ကိန်းကို ဝက်ကင်းနှင့်လဲခဲ့သင့်သလို မိုင်နူးကို ဂေါ်ဒွန်နဲ့ လဲခဲ့ခြင်ကြောင်း ပြောထားပါတယ်။ "ဆောက်ဂိတ် ထိုင်နေတဲ့အချိန်မှာ ကျွန်တော်က ကွင်းထဲက တီဗီရှေ့မှာရှိနေပြီး ဒါက အကြောင်းပြချက်ပါပဲ"  "ဒါပေမယ့် ပထမပိုင်းအပြီးမှာ ဝက်ကင်းစ်က ကိန်းရဲ့နေရာမှာ ဝင်ရောက်လာသင့်တယ်လို့ ခံစားခဲ့ရပြီး အန်တိုနီဂေါ်ဒွန်က ဘယ်ဘက်မှာဝင်ရောက်ပြီး ဘယ်လင်ဂမ်ကက ဗဟိုကွင်းလယ်သို့ ပြောင်းကစားသင့်တယ်လို့ ထင်ပါတယ်"

"ဝက်ကင်းစ်၊ ဆာကာ၊ ဂေါ်ဒွန်တို့ကို လိုအပ်နေတယ်လို့ ခံစားမိပါတယ်။ ကျွန်တော်တို့က နောက်သို့ဆင်းကစားခဲ့ရပြီး စပိန်ရဲ့တွန်းပို့ခြင်းကိုပါ ခံခဲ့ရတာဖြစ်ပါတယ်" "နောက်သို့ဆင်းကစားတဲ့အခါ တန်ပြန်တိုက်စစ်ကို လုပ်နိုင်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က box to box ကစားပြီး ကစားသမားတွေကို ဘောလုံးနဲ့အတူ ဆွဲယူကစားစေရမှာ" "ဒါက လုပ်ဆောင်ခဲ့သင့်တဲ့ အ‌ပြောင်းအလဲလို့ ကျွန်တော်ထင်ပါတယ်" လို့ နဗီးလ်က ပြောပါတယ်။

"စပိန်က ပြိုင်ပွဲတိုင်းကို ထူးချွန်ပြောင်မြောက်အောင် ကစားနိုင်ခဲ့တာကို လူတိုင်းမြင်ခဲ့ပြီး အဲ့ဒီအတွက်ဂုဏ်ပြုပါတယ်"
"ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ နောက်ထပ်ဖိုင်နယ်သို့ ရောက်ခဲ့ပြီး ဆုဖလားရယူဖို့ ကောင်းတဲ့အချက်တွေရှိပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး" "ဆောက်ဂိတ်ရဲ့အသင်းအတွက် အံ့ဩစရာ ကောင်းခဲ့ပါတယ်။  နှစ်ကြိမ်ဆက်တိုက် ဖိုင်နယ်သို့ ရောက်ခဲ့တာက ကောင်းပါတယ်" လို့ နဗီးလ်က ITV သို့ ပြောကြားခဲ့ပါတယ်။