The network connection is lost.

Banner Image

စိတ်ထဲရှိသမျှ ဘာမဆိုလုပ်နိုင်စွမ်းရှိတဲ့ ဂန်းနားကြယ်ပွင့်ကို အာတီတာ ချီးကျူးဂုဏ်ပြု

ချဲလ်ဆီးနဲ့ရင်ဆိုင်နေရတဲ့ အာဆင်နယ်ရဲ့ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ခရီးစဉ်ဟာ အသက်ဝင်နေဆဲဖြစ်ပြီး အမ်းမရိတ်စ်ကွင်းဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အသင်းရဲ့ဦးဆောင်ထားနိုင်မှုကိုသေချာစေခဲ့တဲ့ အံ့မခန်းဇူဘီမန်ဒီကိုလည်း ချီးကျူးဂုဏ်ပြုပါတယ်လို့ ဂန်းနားနည်းပြအာတီတာက ပြောပါတယ်။

စတမ်းဖို့ဒ်ဘရစ်ကွင်းအတွင်း နည်းပြသစ်ရိုစီနီယာနဲ့အတူ ပွဲထွက်လာတဲ့ ချဲလ်ဆီးကို ၂-၃ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အာတီတာက ပြိုင်ဘက်ကိုအပြီးအပြတ်အလဲထိုးနိုင်မယ့် စတုတ္ထမြောက်ဂိုးမသွင်းယူနိုင်လို့ စိတ်ပျက်နေခဲ့ပေမယ့် အသင်းအတွက် တတိယမြောက်ဂိုးသွင်းယူရုံသာမက တစ်ပွဲလုံးခြေစွမ်းပြသခဲ့တဲ့ ဇူဘီမန်ဒီကိုတော့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အာတီတာက “ စတုတ္ထမြောက်ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးကောင်းနှစ်ကြိမ်နဲ့အတူ ကျွန်တော်တို့ရဲ့လွှမ်းမိုးနိုင်မှုကြောင့် ၁-၃ ဂိုးဆိုတဲ့ရလဒ်မျိုးနဲ့ ပွဲပြီးဆုံးသွားသင့်တယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော်တို့ဆီမှာ ရှိနေခဲ့ပါတယ်။ ရလဒ်က အရမ်းကွာခြားသွားပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီအခိုက်အတန့်မှာပဲ ထောင့်ကန်ဘောမှတဆင့် ပြိုင်ဘက်က တစ်ဂိုးသွင်းယူခဲ့ပါတယ်။ ပြီးတော့ ပြိုင်ပွဲက ဆက်ရှိနေတုန်းပါပဲ။ ဒီခံစားချက်ဟာ ပြီးပြည့်စုံမှု မရှိပေမယ့် အသင်းကိုယ်တိုင်နောက်တစ်ကြိမ်လုပ်ပြခဲ့တဲ့အရာကို ကျွန်တော်တို့ တန်ဖိုးထားရပါမယ်။

ဇူဘီမန်ဒီအကြောင်းပြောရမယ်ဆိုရင် သူဘာတွေထပ်လုပ်ပြနိုင်သေးလဲ? သူက သူလုပ်ချင်တဲ့ကိစ္စမှန်သမျှကို လုပ်ကိုင်နိုင်စွမ်းရှိပါတယ်။ ဒါက ဒီကလန်ရိုက်စ်ရဲ့အရည်အသွေးနဲ့ အနည်းငယ်တူညီပါတယ်။ သူက မတူညီတဲ့နေရာလွတ်တွေကို ကောင်းကောင်းအသုံးချနိုင်စွမ်းရှိလို့ သူ့ရဲ့စနစ်၊ သူ့ရဲ့အသိစိတ်ထဲမှာရှိတဲ့ အရာတွေကို ကျွန်တော်တို့တွေ ဖွင့်လှစ်ပေးသွားရုံပါပဲ။

သူက ဘောလုံးကိုသယ်ဆောင်ပြေးလွှားပြီး တစ်ဦးချင်းတိုက်ပွဲတွေကို အနိုင်ယူပါတယ်။ တိုက်စစ်ဇုန်၊ ဂိုးဧရိယာအတွင်းမှာရှိနေချိန် သူ့ဆီမှာ အရည်အသွေးတွေ ပြည့်ဝနေပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်း အပြည့်ရှိပါတယ်။ ဒီနေ့မှာ ဇူဘီမန်ဒီလုပ်ပြခဲ့တဲ့အရာဟာ အံ့မခန်းပါပဲ”လို့ ပြောပါတယ်။