The network connection is lost.

Banner Image

နယူးကာဆယ်စတားအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဟိုဝီ

နယူးကာဆယ်နည်းပြ ဟိုဝီက ပရီးမီးယားလိဂ်စတင်ချိန်မှာ အီဆက်ကိုအသင်းအတွက်ကစားပေးစေချင်ပေမယ့် ကစားသမားဘက်ကတော့ ကစားပေးချင်စိတ်မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဆွီဒင်သားဟာ လက်ရှိမှာ လီဗာပူးအသင်းထံပြောင်းချင်နေပြီး တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေပါတယ်။ မကြာသေးခင်တုန်းကလည်း ပေါင်ဒဏ်ရာကြောင့် အရှေ့အာရှခရီးစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဟိုဝီက အီဆက်ဟာ ကြံ့ခိုင်မှုပြည့်ဝနေပေမယ့် လာမယ့်စနေနေ့ ဗီလာနဲ့ပွဲမှာ အသင်းအတွက်ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့ဘက်က အသင်းအတွက်ကစားပေးချင်စိတ်မရှိပါဘူး။ ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ကြား ဆွေးနွေးမှုက သီးသန့်ပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ သူ့ဘက်က အသင်းနဲ့ မပူးပေါင်းချင်ပါဘူး။ ဒီနေ့မှာ အဲလက်စ်ကို ပါဝင်ကစားစေချင်ပါတယ်။ မနက်ဖြန်မှာ သူ့ကိုလေ့ကျင့်ခန်းဆင်းစေချင်ပါတယ်။ ကျွန်တော်တို့နဲ့အတူ သူ့ကိုရှိစေချင်ပါတယ်။

ရှင်းရှင်းလင်းလင်း ကျွန်တော့်ဘက်က ပြောထားပြီးသားပါ။ သူ့ဘက်ကတော့ ဗီလာနဲ့ပွဲမတိုင်ခင် အခြေအနေပြောင်းလဲမယ်မထင်ပါဘူး။ အသင်းအတွက် အရေးပါချိန်မှာ အခုလိုလွဲချော်တာကို စိတ်ပျက်မိပါတယ်။ သူဒီမှာဆက်ရှိနေဆဲပါ။ နယူးကာဆယ်မှာ သူ့အနာဂတ်ရှိနေပါတယ်။ သေချာတာက ကျွန်တော်တို့ရှုထောင့်ကနေ အားလုံးနဲ့ချိတ်ဆက်နေပါတယ်။ ကျွန်တော်တို့ သူ့ကိုအသင်းမှာဆက်မြင်ချင်ပါတယ်။ ဒါပေမယ့်အခြေအနေတွေက မှန်ကန်တဲ့အနေအထားဖြစ်ရပါမယ်။ သူက ဒီမှာရှိနေသလို ကျွန်တော်တို့ စာချုပ်ရှိနေဆဲပါ။ အသင်းအတွက် သူပြန်ကစားပေးနိုင်ပါတယ်။ ဒါပေမယ့် အနာဂတ်ကို ကျွန်တော်တို့မသိနိုင်ပါဘူး။

အသင်းလူစာရင်းနောက်မှ သူလေ့ကျင့်ခန်းဆင်းပါတယ်။ ခြေစမ်းပွဲခရီးစဉ်မတိုင်ခင်ကတည်းက ဆွေးနွေးမှုတွေရှိပါတယ်။ အရာအားလုံးက ကျွန်တော်တို့ကြားမှာ ဖြစ်ပျက်နေတာပါ။ ဒါပေမယ့် စည်းကမ်းပိုင်းအရ အရေးယူဖို့ မရှိပါဘူး။ သူအသင်းမှာဆက်နေမလားဆိုတာ မသိရသေးပါဘူး။ ပေါင်ဒဏ်ရာရရှိခဲ့တာက အမှန်ဖြစ်ပြီး ကြံ့ခိုင်မှုအနေအထားအရ သူ့ကိုချန်လှပ်ခဲ့တာပါ။ အခုတော့ သူ့မှာဒဏ်ရာပြဿနာမရှိတော့ပါဘူး”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။