The network connection is lost.

Banner Image

လာမယ့်နွေရာသီအပြောင်းအရွှေ့က ယူနိုက်တက်အတွက် အလွန်အရေးကြီးတဲ့အရာဖြစ်လာမယ်လို့ဆိုလိုက်တဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ မိုက်ကယ်ကားရစ်က လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကားရစ်ဟာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ပြန်လည်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် သူ့ကို အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း ယူနိုက်တက်ဘက်က ပြီးခဲ့တဲ့ သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။

အခုဆိုရင် ကားရစ်ဟာ မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့ ကတ်စမီရိုတို့လို အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေ ထွက်ခွာတော့မယ့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းရင်း နည်းပြဘဝ ပထမဆုံး နွေရာသီ အပြောင်းအရွှေ့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အတ္တလန်တာအသင်းက အီဒါဆင်ကို ပေါင် ၄၇ သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီး ဒီနွေရာသီမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အကြီးအကျယ် အပြောင်းအလဲ လုပ်သွားဖို့ မျှော်လင့်ရပါတယ်။

သူ့ရဲ့ နွေရာသီ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ကားရစ်က အသင်းရဲ့ ရှေ့ဆက်မယ့် လမ်းကြောင်းအတွက် အပြောင်းအရွှေ့ကာလဟာ အမြဲတမ်း အလွန်အရေးကြီးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

"ကျွန်တော့်အမြင်အရတော့ အပြောင်းအရွှေ့ကာလဆိုတာ လူတိုင်းအတွက် စိတ်လှုပ်ရှားစရာပါ။ ဒါဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အရာဖြစ်သလို ကလပ်အသင်းတိုင်းအတွက်လည်း သမိုင်းတစ်လျှောက် အရေးအကြီးဆုံး အချိန်ပါပဲ။

တကယ်တော့ ဒါဟာ အပြောင်းအရွှေ့ရဲ့ သဘာဝပါပဲ။ အသင်းတစ်သင်းအနေနဲ့ အမြဲတမ်း ရှေ့ကို ဆက်လှမ်းချင်ကြတာပဲလေ။ ကျွန်တော်တို့လည်း ရှေ့ဆက်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ ဘယ်အခြေအနေမှာ ရှိနေသလဲ၊ ဘယ်လို ဦးတည်ချက်နဲ့ သွားနေသလဲ၊ လိဂ်မှာ ဘယ်အဆင့်နဲ့ အဆုံးသတ်ခဲ့သလဲ ဆိုတာတွေကို သိရှိထားပြီးသားပါ။

ပြီးတော့ လုပ်စရာတွေ အများကြီး ရှိနေတယ်ဆိုတာကတော့ ရှင်းပါတယ်။ ကစားသမားတချို့ ထွက်ခွာသွားမှာ ဖြစ်တဲ့အတွက် ပြင်ဆင်စရာတွေ ရှိနေပါတယ်။ အခု အပြောင်းအရွှေ့က အရင်တုန်းကထက် ပိုအရေးကြီးနေတာမျိုး မဟုတ်ပေမဲ့ အသင်းအတွက် ရှေ့ဆက်မယ့် လမ်းကြောင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားရမှာပါ" လို့ ၎င်းက ဆိုပါတယ်။

ရာသီပိတ်ပွဲစဉ် မတိုင်ခင်မှာပဲ ယူနိုက်တက်ဟာ အီဒါဆင်နဲ့ နယူးကာဆယ်က ဆန်ဒရို တိုနာလီတို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရာသီပိတ်ပွဲ ပြီးဆုံးတာနဲ့ အားလုံးရဲ့ အာရုံက ဒီနွေရာသီမှာ ယူနိုက်တက် ဘယ်ကစားသမားတွေကို ခေါ်ယူမလဲဆိုတဲ့အပေါ် ကျရောက်လာတော့မှာ ဖြစ်ပါတယ်။