The network connection is lost.

Banner Image

အိမ်ကွင်းစီမံကိန်းသစ်အတွက် နယူးကာဆယ်အသင်းရဲ့ရှယ်ယာအချို့ကိုရောင်းချဖို့ အသင်းပိုင်ရှင်တွေ စဉ်းစားနေ

နယူးကာဆယ်အသင်းပိုင်ရှင်ဖြစ်တဲ့ ဆော်ဒီအာရေဗျပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(PIF)က ဘောလုံးကွင်းစီမံကိန်းကြီးအတွက် ရန်ပုံငွေရှာဖွေဖို့နဲ့ အသင်းရဲ့ရေရှည်ဘဏ္ဍာရေးအခြေအနေကို ပိုမိုခိုင်မာလာစေဖို့အတွက် အသင်းရဲ့ရှယ်ယာအနည်းငယ် (minority stake)ကို ရောင်းချသွားရန် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရ PIF က လက်ရှိစိန့်ဂျိမ်းစ်ပတ်ခ်ကွင်းကို အကြီးစားပြန်လည်မွမ်းမံပြင်ဆင်ဖို့ ဒါမှမဟုတ် ပေါင်တစ်ဘီလီယံကျော်တန်ကြေးရှိတဲ့ ကွင်းသစ်ကြီးတစ်ခု တည်ဆောက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် နယူးကာဆယ်အသင်းအတွက် ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခြင်းမရှိဘဲ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုငွေကြေးအသစ်တွေကို ရှာဖွေသွားနိုင်ပါလိမ့်မယ်။

ဒါ့အပြင် အသင်းရဲ့ငွေကြေးစီးဆင်းလည်ပတ်မှု ကောင်းမွန်စေဖို့နဲ့ လူစာရင်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေမှာ အထောက်အကူဖြစ်စေဖို့အတွက် အနာဂတ်မှာရရှိမယ့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဝင်ငွေတွေကို အာမခံအဖြစ်အသုံးပြုပြီး ရန်ပုံငွေရှာဖွေဖို့ကိုလည်း အသင်းဘက်က စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အမှုဆောင်အရာရှိချုပ်ဒေးဗစ်ဟော့ကင်ဆန်ကလည်း အသင်းရဲ့အိမ်ကွင်းနဲ့ပတ်သက်တဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရတော့မယ်လို့ အတည်ပြုခဲ့သလို နည်းပြအက်ဒီဟိုဝီရဲ့ လက်အောက်၊ ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ အစဉ်အမြဲယှဉ်ပြိုင်သွားဖို့ ရည်မှန်းချက်တွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ပေမဲ့လည်း PIF က နယူးကာဆယ်ရဲ့ကွင်းတွင်းကွင်းပြင် ရေရှည်တိုးတက်လာစေဖို့အတွက် အလေးအနက်ထား ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်။