The network connection is lost.

Banner Image

လူမြင်ကွင်းနောက်ကွယ်မှာ အားသွန်ခွန်စိုက် ကြိုးစားပေးခဲ့တဲ့ အသင်းဖော်ကို ချီးကျူးလိုက်တဲ့ ဒီကလန်ရိုက်စ်

ဆဲလ်ဟတ်ပတ်ခ်ကွင်း၊ တနင်္ဂနွေနေ့နိုင်ပွဲအပြီး အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဘုန်းမောက်နဲ့ရင်ဆိုင်ရချိန် မန်စီးတီးတို့ အမှတ်လျော့ခဲ့လို့ အာဆင်နယ်က ကြားရက်မှာတင် ၂၂ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။

ဒုတိယနေရာနဲ့ပဲအကြိမ်ကြိမ်ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်အတွက် ဒီအောင်မြင်မှုခရီးလမ်းမှာ ကွင်းလယ်ကစားသမားဒီကလန်ရိုက်စ်က အဓိကလူအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီကလန်ရိုက်စ်က ဘောလုံးရာသီတလျှောက်လုံး ဂန်းနားတွေရဲ့ကွင်းလယ်နေရာအနှံ့မှာ ရှိနေခဲ့ပြီး ချန်ပီယံဆုအတွက် သူ့ရဲ့စွမ်းရည်တွေကို အစွမ်းကုန်အသုံးချခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၂၇ နှစ်အရွယ် ဒီကလန်ရိုက်စ်က ဖေဖော်ဝါရီလအတွင်း ဝုဗ်နဲ့ နှစ်ဂိုးစီသရေကျပြီး အထိနာခဲ့တဲ့ပွဲစဉ်အပြီး လွန်ခဲ့တဲ့နွေရာသီမှာမှ အသင်းဆီရောက်ရှိလာခဲ့တဲ့ အီဇီရဲ့တည်ငြိမ်မှုကို ချီးကျူးစကား ဆိုခဲ့ပါတယ်။

"အီဇီက တကယ့်ကို တည်ငြိမ်တဲ့သူပါ။ ကွင်းတွင်းမှာ မြင်ရတဲ့အတိုင်းပဲ ကွင်းပြင်ပမှာလည်း အတူတူပါပဲ။ သူက လူတိုင်းကို တည်တည်ငြိမ်ငြိမ်ရှိအောင် လုပ်ပေးနိုင်ခဲ့ပြီး ဒါက တကယ့်ကိုကောင်းမွန်တဲ့ အချက်ပါ" လို့ အီဇီနဲ့ပတ်သက်ပြီး ဒီကလန်ရိုက်စ်က ပြောကြားခဲ့ပါတယ်။ "ဒီရာသီရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ လူမြင်ကွင်းနောက်ကွယ်မှာ အားသွန်ခွန်စိုက်ကြိုးစားခဲ့ကြသူတွေ အများကြီးရှိခဲ့တာပါပဲ။ ဘယ်သူကမှ သူတို့ကို ခေါင်းဆောင်တွေလို့ မထင်ကြပေမဲ့ သူတို့က အသင်းအတွင်းမှာ အများကြီးပြောဆိုဆွေးနွေးပေးခဲ့ကြသလို တစ်ဦးချင်းစီအလိုက်လည်း တိတ်တဆိတ်တွန်းအားပေးခဲ့ကြပါတယ်။ ဒီရာသီမှာ အသင်းသားအားလုံး စုပေါင်းအားနဲ့ ကြိုးစားခဲ့ကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။

အီဇီက ခေါင်းဆောင်မှုအပိုင်းမှာ အထူးတလည်နာမည်မကြီးပေမဲ့ အာဆင်နယ်အတွက် အခက်အခဲတွေရင်ဆိုင်ရချိန်တိုင်း အေးဆေးတည်ငြိမ်မှုကို ယူဆောင်ပေးနိုင်ခဲ့ပြီး ဒီအချက်ကပဲ အရားအားလုံးကို သိသိသာသာ ပြောင်းလဲသွားစေခဲ့ပါတယ်။