အန်ဖီးလ်ကွင်းသရေရလဒ်နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရယူခဲ့တဲ့ လီဗာပူး
လီဗာပူး ၁-၁ ဘုန်းမောက် (ပွဲပြီးရလဒ်)
အခုအန်ဖီးလ်ကွင်းပွဲစဉ်မှာ အိမ်ရှင်လီဗာပူးနဲ့ ဧည့်သည်ဘရန့်ဖို့ဒ်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြပြီး တစ်မှတ်စီခွဲဝေယူခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ပွဲချိန်ဒုတိယပိုင်းမှာ ကာတစ်ဂျုံးစ်က အိမ်ရှင်တွေအတွက် သွင်းယူပေးခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ ဧည့်သည်တွေအတွက် ချေပဂိုးကို ရှာဒီက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အန်းစလော့ရဲ့အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားပဉ္စမနေရာနဲ့ ရာသီပိတ်သိမ်းကာ လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပြီး ဘရန့်ဖို့ဒ်ကတော့ ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် အမှတ်တူ၊ ဂိုးကွာခြားချက်အသာစီးရနေတဲ့ ဘရိုက်တန်ကို အရေးနိမ့်သွားခဲ့ပါတယ်။