The network connection is lost.

Banner Image

နောက်ထပ်ကီဗင်ဒီဘရိုင်းတစ်ယောက်ဖြစ်လာနိုင်တယ်လို့ လီဗာပူးစတားကို မှတ်ချက်ပြုလိုက်တဲ့ ကာရေဂါ

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ကစားသမားသစ် ဝီရက်ဇ်ဟာ နောက်ထပ်ဒီဘရိုင်းလက်သစ်ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဝီရက်ဇ်ဟာ လေဗာကူဆင်အသင်းထံကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန်သားဟာ ဘုန်းမောက်ကို ၄-၂ နဲ့အနိုင်ရတဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။ 

ဒီဘရိုင်းဟာ အခုနွေရာသီအစောပိုင်းတုန်းက မန်စီးတီးနဲ့လမ်းခွဲပြီး နာပိုလီအသင်းထံပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ စီးတီးနဲ့အတူ အောင်မြင်မှုတွေအပြင် ပြောင်မြောက်တဲ့ဘောလုံးပေးပို့မှု ၊ အဝေးကန်ချက်တွေနဲ့ နာမည်ကျော်ခဲ့တာဖြစ်ပြီး ကာရေဂါက ဝီရက်ဇ်ကလည်း ဒီဘရိုင်းခြေရာလိုက်နင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“လီဗာပူးက အပြောင်းအရွှေ့ကောင်းတစ်ခုကို လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူက သောကြာမှာပါဝင်ခဲ့ပေမယ့် သူ့ရဲ့အကောင်းဆုံးပုံစံတော့ မမြင်ရသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့နှစ်လိုဖွယ်ထိချက် နဲ့ ညက်ညောတဲ့ကစားဟန်ကို ပြသထားနိုင်ခဲ့ပါတယ်။ သူကစားတာကိုကြည့်ရတာ နှစ်သက်ဖွယ်ကောင်းပါတယ်။ ကျွန်တော် လာမယ့်အပတ်မှာ သူဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာကို စောင့်ကြည့်ချင်နေပါပြီ။ လာမယ့်တနင်္လာနေ့က လီဗာပူးအသင်းကို စိတ်ကူးယဉ်ပြီးပါပြီ။ သူက false nine ဒါမှမဟုတ် တိုက်စစ်မှူးနောက်မှာလိုက်ကစားနိုင်ပါတယ်။

ဒီဘရိုင်းမရှိတော့တာကြောင့် သူ့လိုကစားသမားမျိုး ဒီလိဂ်မှာ လိုအပ်နေပါတယ်။ သူက အဲ့လိုကစားသမားမျိုးဖြစ်လာနိုင်ပါတယ်”လို့ ကာရေဂါက ပြောကြားလိုက်ပါတယ်။ ဝီရက်ဇ်ဟာ လီဗာပူးအသင်းစတားအသစ်တွေဖြစ်တဲ့ အက်ကီတီကီ ၊ ဖရင်းပေါင် ၊ ကာကက်ဇ် ၊ လီအိုနီတို့နဲ့အတူ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

တကယ်လို့ လီဗာပူးအသင်းအနေနဲ့ အီဆက်ကိုပါ ထပ်မံခေါ်ယူနိုင်ခဲ့ရင် အခုနွေရာသီရဲ့အကောင်းဆုံးခေါ်ယူမှုတွေဖြစ်လာမှာဖြစ်ပါတယ်။ ဝီရက်ဇ်ဟာ ပဲလေ့စ်နဲ့ကွန်မြူနတီဖလားပွဲမှာ လီဗာပူးအသင်းအတွက် ပထမဆုံးဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီး ဒုတိယမြောက်ပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။