The network connection is lost.

Banner Image

ဆလိုဗက်ကီးယားနဲ့ အဆုံးအဖြတ်ပွဲက ဖိအားတွေကို ကျေနပ်စွာ လက်ခံထားတဲ့ နာဂယ်စ်မန်း

ယနေ့ည ဆလိုဗက်ကီးယားနဲ့ကစားရမယ့်  ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်ဝင်ခွင့် အဆုံးအဖြတ်ပွဲစဉ်ရဲ့ ဖိအားတွေက ဂျာမနီကို အနိုင်ရအောင်လှုံ့ဆော်ပေးလိမ့်မယ်လို့ နည်းပြ ဂျူလီယန်နာဂယ်စ်မန်းက ယုံကြည်ပါတယ်။ အုပ်စု A မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့အတွက် အပြိုင်အဆိုင်ဖြစ်နေပြီး ဂျာမနီက ဆလိုဗက်ကီးယားနဲ့ ၁၂ မှတ်တူပေမဲ့ ဂိုးကွာခြားချက်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။

ဂျာမနီဟာ ဆလိုဗက်ကီးယားကို ပထမပွဲမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ပိုင်းကစားခဲ့တဲ့ ၄ ပွဲစလုံးကိုတော့ အနိုင်ရရှိခဲ့ပါတယ်။ ဆလိုဗက်ကီးယားကတော့ မြောက်အိုင်ယာလန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တစ်ပွဲသာရှိပြီး ဂျာမနီကို နိုင်ပွဲထပ်ယူနိုင်ခဲ့မယ်ဆိုရင် play-off ကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အဆုံးအဖြတ်ဖြစ်နေတဲ့အနေအထားဟာ ဂျာမနီအသင်းရဲ့ အကောင်းဆုံးစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်စေမယ်လို့ နာဂယ်စ်မန်းက ယုံကြည်ပါတယ်။

နာဂယ်စ်မန်းက "မနက်ပိုင်းမှာ နည်းနည်းတော့ စိတ်လှုပ်ရှားနေရတာတော့ သေချာပါတယ်။ ဒါက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတာလည်းပါပါတယ်။ ကျွန်တော်တို့သာ ခြေစစ်ပွဲအောင်ပြီးသားဆိုရင် လုံးဝအနားယူနေနိုင်မှာပါ။ ဒါပေမဲ့ အခုလိုမဖြစ်သေးတဲ့အချက်က ဆွဲဆောင်မှုရှိပါတယ်။ ကျွန်တော်တို့ ဆလိုဗက်ကီးယားမှာ အနိုင်ရချင်ခဲ့ပေမဲ့ မနိုင်ခဲ့ဘူး။ ဒါက ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေပဲ။ လက်ခံနိုင်ပါတယ်။ ဒီလို အကြိတ်အနယ်ပွဲမျိုးမှာ အထူးသဖြင့် စောစောပိုင်းအဆင့်တွေမှာ စိတ်လှုပ်ရှားမှုတွေရှိနေပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ပွဲတစ်ပွဲကစားပြီး အမှတ်သုံးမှတ်လုံးကို ရယူဖို့ မျှော်လင့်ပါတယ်။"လို့ ပြောခဲ့ပါတယ်။

ဂျာမနီအသင်းမှာ ဂျိုရှူအာကင်မစ်ချ်နဲ့ ရှလော့တာဘတ်ခ်တို့က ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် လူဇင်ဘတ်နဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ နာဂယ်စ်မန်းက ယနေ့ညပွဲစဉ်မှာ ဒီကစားသမားနှစ်ဦး ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ နာဂယ်စ်မန်းက"နီကို ရှလော့တာဘတ်ခ်က ပုံမှန်လေ့ကျင့်ပါလိမ့်မယ်။ ဂျိုရှူအာ ကင်မစ်ချ်ကတော့ နည်းနည်းအနားယူဖို့ လိုအပ်နေပါသေးတယ်။ သူကလည်း ကွင်းထဲမှာရှိနေပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းကို တတ်နိုင်သမျှ အကြာကြီး အနှောင့်အယှက်မပေးဘဲ ထားချင်ပါတယ်" တနင်္လာနေ့မှာ သူကစားနိုင်မလားဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်ပါမယ်။

ဒါပေမဲ့ သူကစားနိုင်မယ်လို့ ကျွန်တော်အကောင်းမြင်ပါတယ်။ ဒါက နာကျင်မှုနဲ့ သက်တောင့်သက်သာရှိမှုနဲ့ ပိုဆိုင်ပါတယ်။ ဒါပေမဲ့ ကင်မစ်ချ်ကို သိတဲ့သူတိုင်းဟာ သူပွဲမကစားရတာကို မကြိုက်ဘူးဆိုတာ သိကြပါတယ်။ ရှလော့တာဘတ်ကတော့ နည်းနည်းနာကျင်နေနိုင်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာက ကောင်းကောင်းပျောက်ကင်းနေပြီး ရောင်ရမ်းမှုလည်းမရှိပါဘူး။ သူကစားနိုင်မယ်လို့ ကျွန်တော်ယူဆပါတယ်"လို့ ပြောခဲ့ပါတယ်။