လန်မန်းစ်ကိုခေါ်ယူခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကို ဖာဂူဆန်ချီးကျူး
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြဟောင်းကြီး ဆာအဲလ်က်စ်ဖာဂူဆန်က ပြီးခဲ့တဲ့နွေရာသီမှာ အသင်းရဲ့ဂိုးပေါက်အတွက် ဆန်နီလန်မန်းစ်ကိုခေါ်ယူခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ဟာ ဂိုးသမားသစ်တစ်ဦးခေါ်ယူဖို့အတွက် ပထမဆုံးအနေနဲ့ အက်စတွန်ဗီလာဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ကို ပစ်မှတ်ထားခဲ့ပေမယ့် သဘောတူညီမှုမရခဲ့တာကြောင့် လန်မန်းစ်ကိုသာ ပေါင် ၁၈ သန်းနဲ့ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လမ်းမန်းစ်ဟာ ပရီးမီးယားလိဂ်သို့ မပြောင်းရွှေ့မီ ဘယ်လ်ဂျီယံပရိုလိဂ်မှာစုစုပေါင်း ၅၂ ပွဲသာ ကစားခဲ့ဖူးရုံမက အသက်ကလည်း ၂၃ နှစ်အရွယ်သာရှိသေးတာကြောင့် အမ်မိုရင်၏ ပထမဦးစားပေး ဂိုးသမားဖြစ်လာဖို့ အတွေ့အကြုံ လုံလောက်မှုရှိပါ့မလားလို့ မေးခွန်းထုတ်ခံခဲ့ရပါတယ်။ သို့သော်လည်း ယူနိုက်တက်အတွက် ပွဲထွက်ခဲ့တဲ့ ပထမဆုံး ၅ ပွဲမှာတင် မရှုံးအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့အစွမ်းအစကို သက်သေပြနိုင်ခဲ့သလို ယခုအခါ ဖာဂူဆန်ရဲ့ချီးကျူးမှု ကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ လက်ရှိကစားပုံကို ကျေနပ်မှုရှိမရှိမေးမြန်းခဲ့ရာ ဖာဂူဆန်က "တိုးတက်လာတဲ့အရိပ်အယောင်တွေတော့မြင်နေရပါတယ်။ မန်နေဂျာရဲ့ တိုးတက်မှုပေါ့။ အထူးသဖြင့် အသင်းမှားဂိုးသမားက အတော်လေးထူးချွန်ပြောင်မြောက်နေပါတယ်။ ပွဲအများကြီးမကစားရသေးပေမယ့် အတော်လေးအသားကျနေပါပြီ"
"သူ့ကိုခေါ်ယူလိုက်တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ပါတယ်။ အမ်ဘွေမိုနဲ့ ကွန်ညာတို့ကိုအားဖြည့်လိုက်တာကလည်း မှန်ပါတယ်။ မန်နေဂျာအနေနဲ့ အသင်းမှာအောင်မြင်မှုရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းက အောင်မြင်မှုတွေရရှိသင့်တဲ့အသင်းဖြစ်နေလို့ပါ။ အခုချိန်မှာ အားလုံးအဆင်ပြေလာပြီလို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။