လီဗာပူးက ပရီးမီးယားလိဂ်ဖလားကိုစိန်ခေါ်ဖို့ လုံလောက်တဲ့လူစာရင်းမရှိကြောင်း ကာရေဂါဝေဖန်
လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါက အသင်းဟာ ယခုနှစ်ရာသီမှာတော့ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့ လုံလောက်တဲ့အခြေအနေနဲ့ ပြင်ဆင်မှုတွေမပြုလုပ်ရသေးကြောင်း ဝေဖန်ပြောကြားလာခဲ့ပါတယ်။ လာမယ့်စနေနေ့မှာ လီဗာပူးဟာ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အသင်းရဲ့ပရိသတ်တွေကတော့ နောက်ထပ်ရှုံးပွဲထပ်မံကြုံတွေ့ရမှာစိုးရိမ်နေကြတယ်လို့သတင်းတွေထွက်ပေါ်ထားပါတယ်။
လက်ရှိအချိန်မှာ လီဗာပူးဟာ ရာသီအစကရုန်းကန်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးကအာဆင်နယ်နဲ့ ရမှတ် ၈ မှတ်အထိကွာဟနေတာဖြစ်ပါတယ်။
ယခုအခါမှာတော့ ကာရေဂါက အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကိုစိန်ခေါ်နိုင်ဖို့ ပြင်ဆင်မှုတွေလိုအပ်နေကြောင်း "လီဗာပူးရှုံးတဲ့ပွဲစဉ်တွေမှာ အမှားတွေအများကြီးတွေ့ထားရပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရမယ်ဆိုရင် သူတို့က ကိုယ်ကာယကြံ့ခိုင်မှုအရ ထိန်းချုပ်မှုတွေမပြုလုပ်နိုင်ဖို့ ရှုံးတာများပါတယ်"
"လက်ရှိအသင်းရဲ့ကစားသမားအစုအဖွဲ့က ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်ဖို့ အဆင့်သင့်မဖြစ်သေးပါဘူး။ အမှတ်တွေကွာနေပြီး အခြားအသင်းတွေထက်နောက်ကောက်ကျနေရင်တောင် လက်ရှိလူစာရင်းကို ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ဇန်နဝါရီမှာ သန်မာတဲ့ကစားသမားသစ်တွေထပ်ခေါ်နိုင်ဖို့ ကြိုးစားသွားရပါမယ်။ တကယ်လို့ နောက်တန်းကစားသမားသစ်သာ ထပ်မခေါ်ခဲ့ရင် သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် မသေချာပါဘူး" လို့ပြောကြားခဲ့ပါတယ်။
လီဗာပူးဟာ ဘုန်းမောက်မှ အန်တိုနီဆီမီညိုနဲ့ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ မာ့ခ်ဂူဟီတို့ကိုချိတ်ဆက်နေပြီး ဇန်နဝါရီမှာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ကစားသမားအင်အား အတော်လေးတောင့်တင်းသွားမှာဖြစ်ပါတယ်။