The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲကို ဖလော်ရီယန်ဝစ်နဲ့ ဘရက်ဒလေတို့ လွဲချော်မယ်လို့ နည်းပြ အန်းစလော့အတည်ပြု

လီဗာပူးနည်းပြ အန်းစလော့က ဖလော်ရီယန်ဝစ်ဇ်နဲ့ ကော်နာဘရက်ဒလေတို့ဟာ ပွဲကျပ်ကာလမှာ ဒဏ်ရာအသီးသီးကြောင့် အနားယူရမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးစလုံးဟာ နိုင်ငံတကာပွဲစဉ်တွေမှာ လက်ရွေးစင်အသင်းတွေအတွက် ပါဝင်ကစားခဲ့ပြီး ကြွက်သားဒဏ်ရာရခဲ့တာကြောင့် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲကို လွဲချော်ကြမှာ ဖြစ်ပါတယ်။ ဘရက်ဒလေမပါဝင်နိုင်တာကြောင့် အန်းစလော့အတွက် ညာနောက်ခံလူနေရာ ရွေးချယ်ရာမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ဖရင်းပေါင်ကလည်း ဒဏ်ရာပြဿနာရှိနေတာကြောင့် ဆိုဘိုဆလိုင်းကို ညာနောက်ခံလူနေရာမှာ ပွဲထုတ်လာဖို့များပါတယ်။

အန်းစလော့က"နှစ်ယောက်လုံး ကြွက်သားဒဏ်ရာတွေပါပဲ။ ကော်နာကို နောက် ၂၂ ရက်အတွင်း ပါဝင်နိုင်မယ်လို့ မမျှော်လင့်ထားပါဘူး။ အံ့ဖွယ်ပြန်မကောင်းလာရင်တော့ အဲဒီကာလကုန်ခါနီးမှ ပြန်လာနိုင်မှာပါ။ ဖလော်ရီယန်ကတော့ စောစောပြန်လာနိုင်ပါလိမ့်မယ်၊ အခြေအနေပေါ်မူတည်ပေမဲ့ သိပ်မကြာလောက်ပါဘူး။ ဂျရမီလည်း အလားတူကာလလောက် အနားယူရမှာဖြစ်ပြီး နောက်ထပ် နှစ်ပတ်၊ သုံးပတ်လောက် ကစားနိုင်မှာမဟုတ်ပါဘူး။ ညာနောက်ခံလူနေရာမှာ ဘယ်သူကစားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပြီးခဲ့တဲ့ရာသီက ကာတစ်ဂျုံးစ် အဲဒီနေရာမှာ ဖြည့်ကစားဖူးသလို ဂျိုးဂိုမက်ဇ်လည်း ကစားဖူးပါတယ်။ ဒါပေမဲ့ ဂိုးမက်ဇ်က ၂၀၂၅ ခုနှစ်အတွင်းမှာ မိနစ် ၉၀ ပြည့် တစ်ကြိမ်သာ ကစားထားဖူးတာကြောင့် သူ့ကို ၂၂ ရက်အတွင်း ၇ ပွဲကစားခိုင်းတာက အန္တရာယ်များပါတယ်"လို့ ပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၈ မှတ်အကွာမှာ ရပ်တည်နေတဲ့ လီဗာပူးအသင်းအတွက် အကောင်းမြင်စရာ သတင်းကောင်းတစ်ခုကတော့ ဂိုးသမား အလီဆင် ပြန်လာခြင်းပဲ ဖြစ်ပါတယ်။
အလီဆင်ဟာ ပေါင်ခြံဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ပွဲစဉ် ၈ ပွဲလွဲချော်ခဲ့ပြီးနောက် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ပွဲထွက်ဂိုးသမားအဖြစ် ပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။