The network connection is lost.

Banner Image

၀က်စ်ဟမ်းကိုအနိုင်ရပြီးနောက် ပါတေး နဲ့ မာရီနိုတို့အခြေအနေကို အတည်ပြုလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းကတော့ ဝက်စ်ဟမ်းကိုအနိုင်မရခင် ပါတေးဟာ ကြွက်သားဒဏ်ရာရရှိနေတာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။
ပါတေးဟာ ပြီးခဲ့တဲ့စပို့တင်းကိုချန်ပီယံလိဂ်မှာ ၅-၁ နဲ့အနိုင်ရတုန်းက စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာဖြစ်ပြီး လန်ဒန်ဒါဘီမှာ ဆက်လက်ပါဝင်လာမယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။
စနေနေ့လန်ဒန်ဒါဘီပွဲလူစာရင်းမှာ ပါတေးတစ်ယောက် လိုက်ပါလာခဲ့ပေမယ့် အရန်လူစာရင်းမှာတော့ မပါဝင်လာခဲ့တာဖြစ်ပါတယ်။
ပါတေးအပြင် အခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ မာရီနိုလည်း ဒူးဒဏ်ရာရရှိနေတာကြောင့် ဝက်စ်ဟမ်းနဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။
“ကံမကောင်းစွာနဲ့ပဲ သူတို့ ၂ ယောက်စလုံးဒဏ်ရာရရှိနေပါတယ်။ ပွဲက အရမ်းစောလွန်းခဲ့တာပါ။ သူတို့ အသင်းလူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ အသင်းက ဆက်လက်စီးဆင်းနေပါတယ်။
စွမ်းအင်ကလည်း ဒီနေရာမှာရှိနေပါတယ်။ အရည်အချင်းအပြည့်လည်းမြင်ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့မတူညီတဲ့နည်းလမ်းနဲ့ကစားခဲ့ပါတယ်။ ကျွန်တော်တို့ အပြောင်းအလဲတွေလုပ်ခဲ့ရပါတယ်။
လူတိုင်းပါဝင်နိုင်ခဲ့ပေမယ့် မနေ့ကတုန်းက ကျွန်တော်တို့ရဲ့အရေးပါတဲ့ကစားသမားတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဘယ်သူ့ကိုမှ အရမ်းကြီးမသက်ရောက်ခဲ့ပါဘူး။ ဂျော်ဂျင်ဟိုပါဝင်နိုင်ခဲ့ပါတယ်။ သူက ဒီနေ့ညမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။
ဂျာကုလည်း ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့ရပါတယ်။ အခုတော့ ကျွန်တော်တို့ အရှိန်အဟုန်ရနေပါပြီ။ ဒီနေ့ညမှာ အကောင်းဆုံးပွဲတစ်ပွဲ နဲ့ အလှပဆုံးပွဲတစ်ပွဲကို ကြည့်ခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့ညမှာ နောက်တစ်ကြိမ် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့ အမ်းမရိတ်မှာ ယူနိုက်တက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။