The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲက အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်ကို ဝိန်းရွန်းနီ အားတက်သရောကာကွယ်ပြောဆို

ပရီးမီးယားလိဂ်ဂန္ထဝင် ဝိန်းရွန်းနီက အာဆင်နယ်နဲ့ပွဲမှာ ဝက်စ်ဟမ်းအသင်းရဲ့ နောက်ကျချေပဂိုးကို ပယ်ဖျက်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ် မိနစ် ၉၀ အပြီး အပိုဆောင်းအချိန် ၄ မိနစ်မှာ ကလမ်ဝီလ်ဆင်က ချေပဂိုးသွင်းယူနိုင်ခဲ့တယ်လို့ ထင်ခဲ့ပေမဲ့၊ ဂိုးသမား ဒေးဗစ်ရာယာ အဖျက်ခံခဲ့ရတယ်လို့ ဒိုင်လူကြီးက သတ်မှတ်ခဲ့တာကြောင့် VAR က အဲဒီဂိုးကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်ဒိုင် ခရစ်ကာဗာနာဟာ VAR တာဝန်ခံ ဒါရန်အင်္ဂလန်ရဲ့ အကြံပြုချက်နဲ့အတူ ကွင်းဘေးက မော်နီတာမှာ သွားရောက်ကြည့်ရှုခဲ့ရတာပါ။ ၁၇ ကြိမ်တိုင်တိုင် အပြန်ပြန်အလှန်လှန် ပြန်ကြည့်ခဲ့ရပြီး ၄ မိနစ်နဲ့ ၁၇ စက္ကန့်လောက် ကြာမြင့်ခဲ့တဲ့နောက်မှာတော့ အဲဒီချေပဂိုးကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ အခုအချိန်အထိ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အငြင်းပွားစရာအကောင်းဆုံး အခိုက်အတန့်ဖြစ်နေပြီး ဝေဖန်သုံးသပ်သူတွေနဲ့ အသင်းအသီးသီးက ပရိသတ်တွေကြားမှာလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာပါ။

ဒါပေမဲ့လည်း ရွန်းနီကတော့ အဲဒီဆုံးဖြတ်ချက်ကို ကာကွယ်ပေးခဲ့ပြီး ဒါဟာ အထင်အရှားမြင်သာတဲ့ ပြစ်ဒဏ်ဘောဖြစ်တယ်လို့ ဆိုပါတယ်။

"ဒါဟာ ရှင်းလင်းတဲ့ ပြစ်ဒဏ်ဘောပါပဲ" လို့ ရွန်းနီက သူရဲ့ 'Wayne Rooney Show' မှာ ပြောကြားခဲ့ပါတယ်။

"ဒီကိစ္စက အငြင်းပွားစရာဖြစ်နေလို့ ဂိုးပေးသင့်တယ်လို့ ပြောမယ့်သူတွေ အများကြီးရှိမှာပါ။ မန်စီးတီး ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေကလည်း ဂိုးပေးသင့်တယ်လို့ ပြောကြမှာဖြစ်သလို၊ စပါးပရိသတ်တွေ၊ ကစားသမားတွေနဲ့ အာဆင်နယ်ဘက်ကလူတွေကလည်း သူတို့အမြင်အမျိုးမျိုးနဲ့ ပြောကြပါလိမ့်မယ်။"

"ဒါပေမဲ့ ဒါဟာ တကယ့်ကို ပြစ်ဒဏ်ဘောပါ။ သူ့ရဲ့လက်က ဂိုးသမားမျက်နှာကို ဖြတ်သွားပြီး ဘောလုံးဆီမရောက်အောင် နှောင့်ယှက်ခဲ့တာကို အထင်အရှား မြင်နိုင်ပါတယ်။ ဒါကြောင့် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော်ထင်ပါတယ်။ အခုလို အရေးကြီးတဲ့ပွဲမျိုးမှာ VAR က တကယ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့တဲ့ တစ်ကြိမ်တည်းသော အခိုက်အတန့်လို့တောင် ကျွန်တော် ထင်မိပါတယ်။ ဂိုးသမားနားကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ချဉ်းကပ်နှောင့်ယှက်ရင် ဒါဟာ ပြစ်ဒဏ်ဘောပါပဲ" လို့ ရွန်းနီက ဆိုပါတယ်။

အခုလက်ရှိမှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား ရရှိဖို့ အလွန်နီးစပ်နေပြီး ဝက်စ်ဟမ်းကတော့ တန်းဆင်းဇုန်နဲ့ နီးစပ်နေပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ တနင်္လာနေ့ညမှာကစားမယ့် စပါးနဲ့ လိဒ်ယူနိုက်တက်ပွဲစဉ်မှာ စပါးအသင်း အမှတ်မရပါစေနဲ့လို့ပဲ ဆုတောင်းနေရတဲ့ အခြေအနေဖြစ်ပါတယ်။