The network connection is lost.

Banner Image

အင်တာမီလန်နဲ့ပွဲမှာ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ဂျီးဆပ်ကို မာရီနို ချီးကျူး

အာဆင်နယ်ကွင်းလယ်လူ မီခေးလ်မာရီနိုက ဗုဒ္ဓဟူးနေ့ညက အင်တာမီလန်ကို ၁-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွင် သွင်းဂိုး ၂ ဂိုး အထိရယူပေးနိုင်ခဲ့တဲ့ အသင်းဖော်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

မာရီနိုအနေနဲ့ အင်တာမီလန်ကို အဝေးကွင်းမှာ လာရောက်ကစားပြီး အနိုင်ရခဲ့ခြင်းက မယုံနိုင်လောက်စရာ စွမ်းဆောင်ရည်ဖြစ်တယ်လို့ အသင်းအပေါ်မှာ ချီးကျူးခဲ့တာဖြစ်ပါတယ်။  စပိန်လက်ရွေးစင်က "ဒီပွဲက တကယ်အံ့ဩစရာပါ။ အင်တာမီလန်လို ခက်ခဲတဲ့ပြိုင်ဘက်ကို အဝေးကွင်းမှာ  အနိုင်ရခဲ့လို့ တကယ်ပဲ ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ အားလုံး အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ ပုံမှန်အတိုင်းရှေ့ဆက်နိုင်လို့ ပရိသတ်တွေအတွက်လည်း စိတ်လှုပ်ရှားမိပါတယ်"

"ဘောလုံးဟာ ရလဒ်တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ရလဒ်က အဓိကဆိုပေမဲ့ အခုလို အသင်းဖော်တွေနဲ့အတူ ကစားခွင့်ရတာကလည်း တကယ့်ကို ပျော်စရာကောင်းတဲ့ အရာပါ။ ကျွန်တော် ကွင်းထဲမှာ ရှိနေတိုင်း ဒီခံစားချက်ကို ခံစားမိပါတယ်။ အသင်းဖော်တိုင်းက အကောင်းဆုံး ကြိုးစားနေသလို ကစားရတာကိုလည်း ပျော်ရွှင်နေကြပါတယ်။ ဒါဟာ စွမ်းဆောင်ရည်ကောင်းဖို့အတွက် အကောင်းဆုံး နည်းလမ်းဆိုလည်း မမှားပါဘူး" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမား ဂျီးဆပ်နဲ့ပတ်သက်ပြီးတော့လည်း မာရီနိုက "သူ ပြန်လာနိုင်တာကိုမြင်ရတော့ တကယ်ပဲဝမ်းသာမိပါတယ်။ ဒဏ်ရာအပြင်းအထန်ရပြီး အကြာကြီး အနားယူခဲ့ရပြီးမှ အခုလို အင်တာမီလန်လို ပြိုင်ဘက်မျိုးနဲ့ပွဲမှာ ဒီလောက်အထိ ခြေစွမ်းပြနိုင်တာဟာ တကယ်ကို ချီးကျူးစရာပါ။ သွင်းဂိုးတွေတင်မကဘဲ သူလှုပ်ရှားပုံတွေနဲ့ ခံစစ်ကို ကူညီပေးပုံတွေက တကယ့်ကို ထူးခြားပါတယ်။ သူ အခုလို ပြန်ပြီး ပြုံးပျော်နေတာ မြင်ရလို့လည်း ဝမ်းသာပါတယ်၊ သူနဲ့အတူ နောက်ထပ် ဂိုးတွေအများကြီး သွင်းနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။