The network connection is lost.

Banner Image

အဝေးကွင်းနိုင်ပွဲရယူပြီး အမှတ်ဖြတ်ဦးဆောင်ထားတဲ့ အာဆင်နယ်

ဝက်စ်ဟမ်း ဝ-၁ အာဆင်နယ် (ပွဲပြီးရလဒ်)

အမှတ်လိုအပ်ချက်ရှိနေတဲ့ ကလပ်အသင်းနှစ်ခုအကြား လန်ဒန်ဒါဘီပွဲစဉ်က အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ အခုပွဲစဉ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲချိန်နှောင်းပိုင်းမှာ ထရိုဆက်ဒ်က သွင်းယူခဲ့ပြီး နာကျင်အချိန်ပိုမှာ ဝီလ်ဆင်က ချေပဂိုးပြန်သွင်းပေမဲ့ VAR စစ်ဆေးမှုအရ ဒီချေပဂိုးကိုခွင့်မပြုပေးခဲ့လို့ ဂန်းနားတို့ အဝေးကွင်းအဖိုးတန်သုံးမှတ်အပြည့် ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အာတီတာရဲ့အသင်းက အနီးဆုံးပြိုင်ဘက်မန်စီးတီးထက် တစ်ပွဲပိုကစား၊ ငါးမှတ်အသာဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။