The network connection is lost.

Banner Image

ခြေဖဝါးဒဏ်ရာကြောင့် ရာသီကုန်အထိနားရဖွယ်ရှိနေတဲ့ မီရီနို

အာဆင်နယ်ကွင်းလယ်လူ မီကယ်မီရီနိုဟာ ခြေဖဝါးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။


စပိန်ကွင်းလယ်လူဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်အပြီး ခြေဖဝါးဒဏ်ရာကြောင့် စနေနေ့က လိဒ်စ်ယူနိုက်တက်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။


အာဆင်နယ်က ကွင်းလယ်လူရဲ့ဒဏ်ရာအပေါ် ခွဲစိတ်မှုလိုအပ်ကြောင်း အတည်ပြုခဲ့ပြီး ကြေညာချက်မှာ "ဇန်နဝါရီ ၂၅ ရက်က မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ခြေဖဝါးဒဏ်ရာရရှိခဲ့ပြီးနောက် နောက်ဆက်တွဲစစ်ဆေးမှုတွေနဲ့ ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်တွေအရ မီရီနိုဟာ ညာဘက်ခြေဖဝါးမှာ အရိုးဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။


မီရီနိုဟာ လာမယ့်ရက်အနည်းငယ်အတွင်း ခွဲစိတ်မှုပြုလုပ်ရမှာဖြစ်ပြီး အဲဒီနောက်မှာ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို စတင်ရပါမယ်။


မီကယ်ဟာ ရာသီမကုန်ခင် အပြည့်အဝလေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ ရည်ရွယ်ထားပေမဲ့ အချိန်အတော်ကြာ အနားယူရမယ်လို့ မျှော်လင့်ရပါတယ်။


လူတိုင်းက မီကယ် အမြန်ဆုံးပြန်ကောင်းလာဖို့အတွက် အပြည့်အဝ အာရုံစိုက်ပြီး ကူညီပေးနေပါတယ်"လို့ ဖော်ပြထားပါတယ်။


မီရီနိုကလည်း Instagram မှာ "ခြေဖဝါးဒဏ်ရာကြောင့် အနားယူရမယ့်အချိန်ရောက်လာပါပြီ။ 
တစ်ခါတလေ ဘဝက ဒီလိုစိန်ခေါ်မှုမျိုးကို အဆင်မပြေတဲ့အချိန်မှာ ပေးတတ်ပါတယ်။ ဒါက ပိုပြီးခိုင်မာဖို့၊ ခံနိုင်ရည်ရှိဖို့နဲ့ ကျော်လွှားဖို့ နောက်ထပ်အခွင့်အရေးတစ်ခုပါပဲ။ ကျွန်တော်တို့မှာ အကောင်းဆုံးဆေးအဖွဲ့ရှိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ အားပေးမှုက ကျွန်တော့်အတွက် အရာအားလုံးပါပဲ။ ကျွန်တော် ကွင်းထဲကို အမြန်ဆုံးပြန်လာပြီး အသင်းကို ကူညီဖို့နဲ့ ကျွန်တော်ချစ်တဲ့အရာကို လုပ်ဖို့ မစောင့်နိုင်တော့ပါဘူး"လို့ ရေးသားခဲ့ပါတယ်။