The network connection is lost.

Banner Image

ဘုန်းမောက်ကိုရှုံးနိမ့်ပြီးနောက် ပင်ပန်းနွမ်းနယ်နေမှုကို အပြစ်တင်သွားတဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က နှစ်ဂိုးပြတ်ရှုံးနိမ့်နေမှုမှ ပြန်လာနိုင်ပြီးနောက် ၃-၂ ဂိုးဖြင့်ရှုံးနိမ့်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်ရလဒ်ဆီ ဦးတည်သွားစေတဲ့ ဘုန်းမောက်ရဲ့နာကျင်အချိန်ပိုနောက်ဆုံးမိနစ်အနိုင်ဂိုးမှာ သူ့အသင်းရဲ့ပေါ့လျော့မှုအတွက် ပွဲပန်းနေမှုကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အခုအချိန်အထိ ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့အရိပ်တစ်ခုအောက် ရောက်ရှိနေတဲ့ လက်ရှိချန်ပီယံတွေက ပရီမီးယားလိဂ်ခုနစ်ပွဲအထိ ရှုံးနိမ့်ထားပြီး ၂၀၂၄-၂၀၂၅ အမှတ်ပေးချန်ပီယံဆုရယူချိန် ချေမှုန်းနိုင်ခဲ့တဲ့ ခံစစ်အားပြုပြိုင်ဘက်တွေကိုလည်း ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။
ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ အန်းစလော့က “ နောက်ဆုံးကစားခဲ့တဲ့ ကိုးပွဲ၊ ၁၀ ပွဲလောက်အထိ ကျွန်တော်တို့အသင်းက တူညီတဲ့ကစားသမားတွေကိုပဲ အဓိကသုံးစွဲခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် ကစားပေးနိုင်သူတွေကလည်း ဒီကစားသမားတွေပဲ ရှိပါတယ်။ တခါတရံ ဒီကစားသမားတွေအနက် အချို့က ပွဲပြီးဆုံးချိန်မှာ အနည်းငယ်မောပန်းနေနိုင်ပါတယ်။
ဒါကို ဒီနေ့ပွဲစဉ်ရဲ့အဆုံးသတ်မှာ မြင်တွေ့ရမယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်မှာ ဘုန်းမောက်က နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ဆိုဘိုဆလိုင်းရဲ့ပွဲချိန်မိနစ် ၈၀ သွင်းဂိုးကြောင့်တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ကို ခွင့်ပြုပေးခဲ့ရပါတယ်။ လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်အသင်းကစားသမားတွေ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပါတယ်။
ဒုတိယပိုင်းထပ်ဆောင်းအချိန်ပိုမိနစ်သတ်မှတ်မှုအတွက် ပွဲစဉ်တာဝန်ရှိသူတွေဆီ မဝေဖန်ခင် အန်းစလော့က “ အသင်းနှစ်ခုလုံးဟာ ဂိုးသွင်းယူဖို့ ကြိုးစားကစားခဲ့ပြီး ပွဲချိန်နောက်ဆုံး ၁၀ မိနစ်မှာဆိုရင် ပြိုင်ဘက်က ကျွန်တော်တို့ထက်တောင် အခွင့်အရေးကောင်းတွေ ပိုရရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သွင်းဂိုးရရှိမှုဆီ ဦးတည်သွားစေမယ့် လက်ပစ်ဘောတစ်ကြိမ် ရှိလာပါတယ်။
ကျွန်တော့်အတွက်တော့ နာကျင်အချိန်ပို လေးမိနစ်သတ်မှတ်ပေးမှုဟာ မလုံလောက်ပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်ကိုယ်တိုင်ဂိုးသွင်းယူသွားလို့ အဆုံးမှာတော့ ဒါက သိပ်အရေးမကြီးတော့ပါဘူး။ ပြိုင်ဘက်ရဲ့သွင်းဂိုးအပြီး ကျွန်တော်တို့အတွက် နှစ်မိနစ်၊ သုံးမိနစ်လောက် ကစားချိန်ရှိသင့်ပေမယ့် ဒီပွဲစဉ်မှာတော့ နာကျင်အချိန်ပို လေးမိနစ်ဆိုတာ မဖြစ်သင့်ပါဘူး”လို့ ပြောပါတယ်။
ဘုန်းမောက်နည်းပြအီရာအိုလာကတော့ သူ့အသင်းရဲ့ဇွဲကြီးမှုနဲ့ လီဗာပူးအသင်းအလျှင်အမြန်ပြန်လာနိုင်မှုအပေါ် တုံ့ပြန်သွားပုံတို့ကို ကျေနပ်နေခဲ့ပါတယ်။
BBC နဲ့တွေ့ဆုံချိန် အီရာအိုလာက “ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခက်အခဲကြောင့် ဒီနိုင်ပွဲဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့အောင်ပွဲတစ်ခု ဖြစ်ပါတယ်။
ခက်ခဲတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် အမှတ်တွေရယူနိုင်မယ့်နည်းလမ်းကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ အသင်းနဲ့ ကျွန်တော်တို့အားလုံး လုပ်ဆောင်ခဲ့တဲ့အရာအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့တွေ တဖြည်းဖြည်းအသားကျလာပြီး ရမှတ်ကောင်းတွေ ရယူနေပါပြီ”လို့ ပြောပါတယ်။