The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်အပယ်ခံအာနိုးလ်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ မန်စီးတီး

မန်စီးတီးက ရီးရဲလ်မက်ဒရစ်မှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ညာအစွန်နောက်ခံလူအာနိုးလ်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ငယ်ဘဝကလပ်အသင်း လီဗာပူးကိုစွန့်ခွာကာ ရီးရဲလ်မက်ဒရစ်ကိုရွေးချယ်သွားတဲ့ အာနိုးလ်ရဲ့အစီအစဉ်က လက်တွေ့အလုပ်မဖြစ်ခဲ့ဘဲ အခုဘောလုံးရာသီ၊ လာလီဂါပြိုင်ပွဲမှာ ရှစ်ပွဲသာ ကစားထားနိုင်ပါတယ်။

လတ်တလောစပိန်ဘောလုံးရပ်ကွက်မှထွက်ပေါ်လာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်က အသက်-၂၇ နှစ်အရွယ်ကစားသမားကို နွေရာသီကာလမှာ ရောင်းချပြီး ငွေကြေးအရှုံးတွေကို ဖြတ်တောက်ပစ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

Teamtalk ရဲ့အဆိုအရ မန်စီးတီးက မရေမရာဖြစ်နေမှုကို အခွင့်ကောင်းယူပြီး အာနိုးလ်ကို အမိအရခေါ်ယူနိုင်ဖို့ အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းက ကိုင်လီဝေါ်လ်ကာရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်မယ့် ညာအစွန်ခံစစ်မှူးတစ်ဦး ရှာဖွေနေပြီး နယူးကာဆယ်ကစားသမားလီဗရာမန်တိုနဲ့လည်း ချိတ်ဆက်နေပါတယ်။