The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒေါ်ဂူရဲ့ဒဏ်ရာအခြေအနေကို အသိပေးလာတဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ အသင်းရဲ့တောင်ပံကြယ်ပွင့် ပက်ထရစ်ဒေါ်ဂူရဲ့ဒဏ်ရာအခြေအနေကို အသိပေးပြာကြားလာခဲ့ပါတယ်။ အာဆင်နယ်ကို ၂-၃ နဲ့အနိုင်ရခဲ့တဲ့ယခုပွဲစဉ်မှာ ဒေါ်ဂူဟာ ယူနိုက်တက်အတွက် အထူးခြေစွမ်းပြသခဲ့သူဖြစ်ပြီး အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဒိန်းမတ်လက်ရွေးစင်ဟာ ဒုတိယပိုင်းမှာတော့ တံကောက်ကြောဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပြီး အသင်းဖော် ဘင်ဂျမင်ဆက်စ်ကိုနဲ့ လူစားလဲခဲ့ရပါတယ်။ 

ပွဲအပြီးမှာ ဒေါ်ဂူရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ကာရစ်က "ဒေါ်ဂူက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ကစားသမားပါ။ အခုဆိုရင် အသင်းအတွက် ၂ ပွဲဆက်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ခြိမ်းခြောက်နိုင်မှု၊ ကြံ့ခိုင်မှုစွမ်းရည်နဲ့ အရည်အသွေးတွေက တကယ်ကြီးမားပါတယ်။ လုခ်ရှောနဲ့အတူ အသင်းရဲ့ဘယ်တောင်ပံမှာ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ပါတယ်"

"သူ့အတွက် ကျွန်တော်တကယ်ဝမ်းသာမိပါတယ်။ သူသွင်းယူခဲ့တဲ့ ဂိုး ၂ ဂိုးစလုံးက ပုံစံချင်းမတူပါဘူး။ သူ့ကို အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့မြင်တွေ့ရတာ ဝမ်းသာစရာပါ။ သူ ဒဏ်ရာရပြီး ကွင်းထဲကထွက်လာတော့ ကြွက်တက်ရုံ‌လောက်ပဲဖြစ်ဖို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ ဒီထက်ပိုပြီးမဆိုးဖို့လည်း ဆု‌တောင်းပါတယ်။ လောလောဆယ်မှာတော့ သူ့ရဲ့အခြေအနေကို အတိအကျပြောဖို့ခက်နေလို့ စောင့်ကြည့်နေရဆဲပါ။ ဘာပဲဖြစ်ဖြစ် ဒဏ်ရာမပြင်းထန်ဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။