The network connection is lost.

Banner Image

ဘုန်းမောက်ရဲ့နောက်ဆုံးမိနစ်အနိုင်ဂိုးအတွက် ကွင်းလယ်ဒိုင်ကို စိတ်ပျက်နေခဲ့တဲ့ ဗန်ဒိုက်

ဗန်ဒိုက်က ဘုန်းမောက်ရဲ့ ပွဲချိန် ၉၅ မိနစ်အနိုင်ဂိုးသွင်းယူမှုမတိုင်ခင် ဘောလုံးရရှိဖို့ကြိုးပမ်းချိန် ပြစ်ဒဏ်ကျူးလွန်ခံရမှုအပေါ် ပြစ်ဒဏ်ဘောမသတ်မှတ်ပေးခြင်းအတွက် စိတ်ပျက်လက်ပျက်ဖြစ်ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကြိုးကြာနီကပ္ပတိန်က အက်ဒ်လီရဲ့သွင်းဂိုးမတိုင်ခင် သူ့ကို ပိတ်ဆို့ထားသလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီသွင်းဂိုးကြောင့် လီဗာပူးအသင်းရဲ့သာမန်ပွဲကစားချိန်အတွင်း ချေပဂိုးနှစ်ဂိုးသွင်းယူထားမှုလည်း အချည်းနှီးဖြစ်သွားခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် ဗန်ဒိုက်က “အဲ့ဒီကွင်းထဲမှာ ကျွန်တော်ခံစားမိခဲ့တဲ့အရာက ကျွန်တော့်ကို ပိတ်ဆို့ထားသလိုဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ကွင်းလယ်ဒိုင်နဲ့ VAR က ဒီအဖြစ်အပျက်ကို အသိအမှတ်မပြုခဲ့ပါဘူး။
အခုအချိန် ကျွန်တော်ပြောနိုင်တဲ့အရာက ပြစ်ဒဏ်ဘောမပေးခြင်းအတွက် နောင်တမရမိဘူးဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် လက်ခံပေးရပါမယ်”လို့ ပြောပါတယ်။
ဘောလုံးဝေဖန်သုံးသပ်သူနဲ့ လီဗာပူးကစားသမားဟောင်း ဂျေမီရက်ခ်နက်ပ်ကတော့ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ဗန်ဒိုက်ကို သူ့ရဲ့အသင်းဖော်ကိုယ်တိုင်တားဆီးခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုရင်း တုံ့ပြန်သွားခဲ့ပါတယ်။
ရက်ခ်နက်ပ်က “ ဗန်ဒိုက်ကို အမှန်တကယ်တားဆီးခဲ့ပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါက သူ့ရဲ့အသင်းဖော် ကာတစ်ဂျုံးစ်ပါ။
ဗန်ဒိုက်အတွက် ခုခံဖု့ိ အကောင်းမွန်ဆုံးအနေအထားတစ်ခု ဖြစ်ခဲ့ပေမယ့် လက်ပစ်ဘောပေးပို့မှုလည်း အတော်လေးကောင်းမွန်ခဲ့ပြီး တိုက်စစ်စတင်နိုင်ဖို့ လုံလောက်ခဲ့ပါတယ်။
ဗန်ဒိုက်ဘောလုံးရယူဖို့ကြိုးပမ်းချိန် ကာတစ်ဂျုံးစ်က သူ့ကိုဟန်ချက်ပျက်အောင်လုပ်သလို ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အရာအားလုံးဟာ အက်ဒ်လီအတွက် ဖြစ်သွားပါတယ်။ အက်ဒ်လီကသာ ဒီအခြေအနေမှာ တစ်ဦးတည်းသောရှင်သန်ကျန်ရစ်သူ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ပွဲစဉ်အပြီး ကွင်းလယ်ဒိုင်နဲ့အခြေအတင်ဆွေးနွေးမှုမှာ ပါဝင်လာတဲ့ ကြိုးကြာနီနည်းပြအန်းစလော့ကလည်း ဒုတိယပိုင်းပွဲချိန်နာကျင်အချိန်ပိုမိနစ်သတ်မှတ်မှုအတွက် မတူညီတဲ့အမြင်မျိုး ရှိတယ်လို့ ရှင်းပြပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက “ ကျွန်တော့်အတွက်တော့ နာကျင်အချိန်ပို လေးမိနစ်သတ်မှတ်ပေးမှုဟာ မလုံလောက်ပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်ကိုယ်တိုင်ဂိုးသွင်းယူသွားလို့ အဆုံးမှာတော့ ဒါက သိပ်အရေးမကြီးတော့ပါဘူး။ ပြိုင်ဘက်ရဲ့သွင်းဂိုးအပြီး ကျွန်တော်တို့အတွက် နှစ်မိနစ်၊ သုံးမိနစ်လောက် ကစားချိန်ရှိသင့်ပေမယ့် ဒီပွဲစဉ်မှာတော့ နာကျင်အချိန်ပို လေးမိနစ်ဆိုတာ မဖြစ်သင့်ပါဘူး။
နှစ်မိနစ်၊ သုံးမိနစ်လောက်ကြာမြင့်တဲ့ ဖရီးကစ်ကန်သွင်းမှုတစ်ကြိမ် ရှိခဲ့သလို VAR ပြန်လည်စစ်ဆေးမှုတွေ၊ လူစားလဲမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ လေးမိနစ်သတ်မှတ်ပေးမှုဆိုတာ မလုံလောက်ဘူးလို့ ပွဲစဉ်တာဝန်ရှိသူတွေဆီ ပြောခဲ့ပါတယ်။
ကျွန်တော်တို့အသင်း ကစားသမား ၁၀ ဦးသာကျန်ရှိချိန် သူတို့တွေ ဒုတိယဂိုးသွင်းယူခဲ့သလို ပွဲချိန်နောက်ဆုံး ၁၀ မိနစ်အတွင်းမှာလည်း ကျွန်တော်တို့အတွက် ပြဿနာအချို့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ရလဒ်ကတော့ နောက်ထပ်ရှုံးပွဲတစ်ခု ဖြစ်လာပါတယ်”လို့ ပြောပါတယ်။