The network connection is lost.

Banner Image

အဝေးကွင်းရှုံးပွဲနဲ့အတူ TOP 4 နေရာအတွက် ဖိအားများလာတဲ့ လီဗာပူး

ဘုန်းမောက် ၃-၂ လီဗာပူး (ပွဲပြီးရလဒ်)

အခုပွဲစဉ်မှာ အိမ်ရှင်ဘုန်းမောက်ရဲ့ဦးဆောင်ဂိုးတွေ၊ ဧည့်သည်လီဗာပူးရဲ့ချေပဂိုးတွေအပြင် နာကျင်အချိန်ပိုနောက်ဆုံးမိနစ်အဆုံးအဖြတ်သွင်းဂိုးကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့အခိုက်အတန့်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း လီဗာပူးရဲ့ခံစစ်ပိုင်းအားနည်းချက်ကို အကောင်းဆုံးအသုံးချကာ ဘုန်းမောက်က အီဗန်နယ်လ်ဆင်၊ ဂျီမင်နက်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်ဦးဆောင်ထားခဲ့ပြီး ဗန်ဒိုက်က ထောင့်ကန်ဘောမှတဆင့် ဧည့်သည်တွေအတွက် ဗွေဆော်ဦးချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း လီဗာပူးတို့တိုက်စစ်မြှင့်ကစားလာခဲ့ပြီး ဆိုဘိုဆလိုင်းရဲ့တဆင့်ခံဖရီးကစ်ကန်ချက်မှတဆင့် ဒုတိယမြောက်ချေပဂိုးရရှိခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ စုစည်းမှုပိုင်းအားနည်းတဲ့လီဗာပူးခံစစ်ကို အကောင်းဆုံးဖိအားပေးကာ အက်ဒ်လီက အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။