The network connection is lost.

Banner Image

လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားပါက ပရီးမီးယားလိဂ်ဖလားကိုစိန်ခေါ်နိုင်မယ်လို့ဆိုလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက အသင်းအနေနဲ့ လက်ရှိခြေစွမ်းကိုဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုပါက လာမယ့်တစ်လအတွင်းမှာပဲ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကိုစိန်ခေါ်နိုင်မှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာမှာရပ်တည်နေပြီး ထိပ်ဆုံးကအာဆင်နယ်နဲ့ ၆ မှတ်ကွာပြီး ဒုတိယနေရာက မန်စီးတီးနဲ့တော့ ၄ မှတ်သာကွာဟနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း ကစားသမားတစ်ယောက်လျော့နဲ့ ချဲလ်ဆီးဟာ အာဆင်နယ်ကို ၁-၁ နဲ့သရေကစားပြီး ရမှတ် ၁ မှတ်ယူနိုင်ခဲ့တာကြောင့် ချန်ပီယံဆုကိုစိန်ခေါ်နိုင်စွမ်းရှိကြောင်း သက်သေပြထားခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးဟာ ကစားသမား ၁၀ ယောက်တည်းနဲ့အာဆင်နယ်ကို အသာစီးရယူကစားနိုင်ခဲ့ပြီး အနိုင်ရလဒ်ကိုပုံဖော်နိုင်ဖို့နီးစပ်ခဲ့ပေမယ့် ချေပဂိုးပြန်လည်ခွင့်ပြုရပြီးနောက်မှာတော့ သရေရလဒ်ကိုသာ ထိန်းပြီးယူခဲ့ရတာဖြစ်ပါတယ်။ လာမယ့်ကြာသပတေးနေ့နံနက်မှာ ချဲလ်ဆီးဟာ လိဒ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့ မဖြစ်မနေနိုင်ပွဲဖော်ဆောင်သွားရမှာဖြစ်ပါတယ်။

ယခုရာသီမှာ ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသလားလို့မေးမြန်းခဲ့ရာမှာ မာရက်စ်ကာက "ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်းမှာ တည်ငြိမ်တဲ့ပုံစံကိုထိန်းသိမ်းနိုင်တဲ့အသင်းတွေက ချန်ပီယံဆုကိုစိန်ခေါ်နိုင်သူတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ တည်ငြိမ်မှုရရှိဖို့ပဲ အာရုံစိုက်ထားပါတယ်။ တကယ်လို့ ချန်ပီယံမဖြစ်ခဲ့ရင်တောင် ထိပ်ဆုံး ၃ နေရာအတွင်းမှာရပ်တည်နိုင်ဖို့ ကြိုးစားရမှာပါ"

"အခုက ဒီဇင်ဘာလထဲရောက်နေပါပြီ။ ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လမှာ လက်ရှိပုံစံကိုထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ အဲဒီလတွေမှာ လက်ရှိအဆင့်အတိုင်းမရှိခဲ့ရင် စိန်ခေါ်နိုင်မှာမဟုတ်ပါဘူး။ အခုတော့ ဒါတွေပြောဖို့စောလွန်းပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ ချဲလ်ဆီးအနေနဲ့ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ဆက်လက်ရပ်တည်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး လောလောဆယ်မှာတော့ မာရက်စ်ကာရဲ့အသင်းဟာ လိဒ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ပြီး နိုင်ပွဲရရှိဖို့ ကြိုးစားသွားရပါမယ်။