The network connection is lost.

Banner Image

ဘုန်းမောက်ကြယ်ပွင့်ခရူပီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်နဲ့အပြိုင် ကြိုးပမ်းလာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းက ဘုန်းမောက်လူငယ်ကြယ်ပွင့်ခရူပီကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်အသင်းနဲ့ အပြိုင်အဆိုင်ကြိုးပမ်းသွားဖို့ အဆင်သင့်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

အသက် ၁၉ နှစ်အရွယ်ခရူပီက အခုဘောလုံးရာသီ၊ ဘုန်းမောက်အတွက် ပရီးမီးယားလိဂ် ၃၂ ပွဲကစား၊ ၁၃ ဂိုးအထိ သွင်းယူပေးထားနိုင်သလို အသင်းကို ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိနိုင်ရေးအတွက် အကောင်းဆုံးကူညီပေးနေလို့ သူ့အတွက် တကယ့်ကိုထူးခြားတဲ့ ရာသီတစ်ခု ဖြစ်နေပါတယ်။ 

Daily Mail ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးက ဒီတိုက်စစ်ကစားသမားလေးရဲ့အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး သူ့ကိုခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်နဲ့ ထိပ်တိုက်ရင်ဆိုင်သွားမယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း ဘုန်းမောက်က ခရူပီကို အခုနွေရာသီမှာရောင်းချသွားဖို့အတွက် အစီအစဉ် လုံး၀မရှိဘူးလို့ အခိုင်အမာပြောဆိုထားလို့ ကစားသမားအတွက် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ဆိုတာ အတော်လေး ခက်ခဲနိုင်ပါတယ်။

ခရူပီနဲ့ ဘုန်းမောက်အကြား ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေလို့ စိတ်ဝင်စားနေတဲ့ကလပ်အသင်းတွေကို ငြင်းပယ်နိုင်ဖို့ ဘုန်းမောက်မှာ အားသာချက်ရှိနေပါတယ်။