The network connection is lost.

Banner Image

လာမယ့်အပတ်မှာပဲ မန်စီးတီးကစားသမားတွေနဲ့ တွေ့ဆုံသွားမယ့် မာရက်စ်ကာ

ပက် ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ပွဲစဉ်ဟာ သူ့အတွက် မန်စီးတီးနည်းပြဘဝ နောက်ဆုံးပွဲစဉ် ဖြစ်လာပါလိမ့်မယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ဘုန်းမောက်အသင်းနဲ့ပွဲမှာ မန်စီးတီးတို့ သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဒါဟာ စီးတီးပရိသတ်တွေ မျှော်လင့်ထားသလိုမျိုး ပုံပြင်ဆန်ဆန် လှပတဲ့ဇာတ်သိမ်းတစ်ခု မဟုတ်ခဲ့ပေမဲ့ ဂွါဒီယိုလာအနေနဲ့ ဗီလာနဲ့ပွဲမှာတော့ အောင်မြင်စွာနဲ့ နှုတ်ဆက်နိုင်မှာဖြစ်သလို စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တွေကလည်း သူတို့ဘဝတွေကို ပြောင်းလဲပေးခဲ့တဲ့ ၁၀ နှစ်တာကာလကို ပြန်လည်အောက်မေ့ သတိရနေကြပါတယ်။

ဒီစပိန်လူမျိုးနည်းပြဟာ ကလပ်အသင်းမှာ မမေ့နိုင်စရာ ၁၀ နှစ်တာဖြတ်သန်းမှုအတွင်း ဆုဖလားပေါင်း ၂၀ အထိ ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းက သူတို့ကွင်းထဲက ပွဲကြည့်စင်တစ်ခုကို ဂွါဒီယိုလာရဲ့အမည်ပေးဖို့အထိ စီစဉ်နေပါတယ်။

ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံမယ့်သူအဖြစ် အန်ဇို မာရက်စကာကို ရွေးချယ်လိုက်ပြီဖြစ်ပြီး ထပ်တိုး တစ်နှစ်သက်တမ်းတိုးခွင့်အပြင် နှစ်နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။

Daily Star ရဲ့ သတင်းထောက် ဂျယ်ရမီ ခရော့စ်ရဲ့ အဆိုအရ မာရက်စကာဟာ နောက်အပတ်မှာ မန်စီးတီးကစားသမားတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး လာမယ့်အပတ်တွေအတွင်းမှာ သူ့ကို နည်းပြအဖြစ် တရားဝင် ကြေညာသွားဖို့ ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အဆင့် ၅ နေရာမှာ ရှိနေချိန်မှာ မာရက်စကာကို ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပြီး သူထွက်သွားပြီးနောက်ပိုင်းမှာ ချဲလ်ဆီးအသင်းရဲ့ အခြေအနေဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပိုပြီးတော့တောင် ဆိုးရွားလာခဲ့ပါတယ်။