The network connection is lost.

Banner Image

နူနိုဆန်တိုရဲ့နေရာမှာ အစားထိုးနိုင်ဖို့ နည်းပြနှစ်ဦးလျာထားတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းက နူနိုဆန်တိုကို ရာထူးမှထုတ်ပယ်မယ်ဆိုရင် သူ့ရဲ့နေရာမှာအစားထိုးဖို့ စကော့ပါကားနဲ့ စထရာဘော့နည်းပြဂယ်ရီအိုနေးလ်တို့ကို လျာထားတယ်လို့ သိရပါတယ်။ 

အသက် ၅၂ နှစ်အရွယ် နူနိုဆန်တိုက ပရီးမီးယားလိဂ်မှ ဝက်စ်ဟမ်းအသင်း တန်းဆင်းသွားပြီးနောက် ဒီနွေရာသီမှာပဲ အသင်းမှထွက်ခွာရဖို့ ရှိနေပါတယ်။ 

ပေါ်တူဂီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့စက်တင်ဘာလကအတွင်း ဂရေဟမ်ပေါ်တာရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့ပေမဲ့ အသင်းရဲ့အခြေအနေကို ထိန်းကျောင်းနိုင်ခြင်းမရှိသလို တန်းမဆင်းရအောင်လည်း မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

The Guardian ရဲ့ဖော်ပြချက်အရ နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် အသက် ၄၅ နှစ်အရွယ် ပါကား၊ အသက် ၄၃ နှစ်အရွယ် အိုနေးလ်တို့နဲ့ ဆွေးနွေးဖို့ ဝက်စ်ဟမ်းအသင်း စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ 

ဝက်စ်ဟမ်းကစားသမားဟောင်းစကော့ပါကားက ဘန်လေအသင်းတန်းဆင်းသွားပြီးနောက် အသင်းမှထွက်ခွာလာကာ ကလပ်အသင်းလက်မဲ့ ဖြစ်နေပါတယ်။ တဖက်မှာလည်း အိုနေးလ်က ပြင်သစ်လီဂူးဝမ်းကလပ်စထရာဘော့နဲ့အတူ ရာသီအကုန်မှာ စိတ်ပျက်စရာရလဒ်တွေ ထွက်ပေါ်ခဲ့လို့ ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။