The network connection is lost.

Banner Image

လိဒ်ယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တဲ့ အမ်ပါဒူ

အင်္ဂါနေ့ညပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းရဲ့ နှစ်ပတ်လည် ရာသီပိတ်ဆုပေးပွဲ အခမ်းအနားမှာ အီသန် အမ်ပါဒူက "တစ်နှစ်တာအကောင်းဆုံးကစားသမားဆု" (Player of the Year) နဲ့ "ကစားသမားတွေကိုယ်တိုင်ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆု" (Players’ Player of the Year) တွေကို ဆွတ်ခူးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ရာသီတစ်ခုကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ပါတယ်။

လိဒ်ကပ္ပတိန်က အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီပေးခဲ့ပြီး ရာသီလက်ကျန်ပွဲစဉ်သုံးခုမတိုင်ခင် တန်းဆင်းဇုန်အန္တရာယ်မှလွတ်မြောက်အောင် ကူညီပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာလည်း အသင်းရဲ့ အမြင့်ဆုံးတစ်ဦးချင်းထူးချွန်ဆုကို ရရှိခဲ့တဲ့ အမ်ပါဒူက အခုဆိုရင် ဂေါ်ဒွန် မက်ကွင်း၊ ဘောင်ယာနဲ့ ဂျာမိန်းဘတ်ဖို့ဒ်တို့လိုပဲ ဒီဆုကို နှစ်ကြိမ်တိုင်တိုင်ရရှိဖူးသူတွေစာရင်းမှာ ပါဝင်လာခဲ့ပါပြီ။

ဒီကွင်းလယ်လူက ၂၀၂၅-၂၀၂၆ ရာသီမှာ အသင်းအတွက် ၃၉ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး အသင်းရဲ့ တိုက်စစ်ပို်ငးမှာရော၊ ခံစစ်ပို်ငးမှာပါ အားကိုးရသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူက အယ်လ်လန်ရုဒ်ကွင်း၊ ခရစ္စတယ်ပဲလေ့စ်ကို ၄-၁ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပေးခဲ့သလို ဖူလ်ဟမ်နဲ့ပွဲစဉ်မှာလည်း အန်မီချာသွင်းယူခဲ့တဲ့ နာကျင်အချိန်ပိုအနိုင်ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း အိုကာဖော်က မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ အထူးချွန်ဆုံးခြေစွမ်းကြောင့် "Performance Player of the Year" ဆုကို ရရှိခဲ့ပါတယ်။

တိုက်စစ်မှူးအိုကာဖော်က အဲ့ဒီပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပြီး လိဒ်အသင်းအတွက် အဖိုးတန် ၃ မှတ်ကို အရယူပေးနိုင်ခဲ့သလို အသင်းရဲ့သမိုင်းမှတ်တမ်းသစ်တစ်ခုကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။

အိုကာဖော်က ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ရိုကီဂျူနီယာနောက်ပိုင်း မန်ချက်စတာယူနိုက်တက်ကို တစ်ပွဲတည်း နှစ်ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးလိဒ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ဂျိုးဖတ်ရဲ့စွမ်းဆောင်မှုအပြီး အိုးထရက်ဖို့ဒ်ကွင်းမှာ နှစ်ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် လိဒ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။