The network connection is lost.

Banner Image

လိဒ်တောင်ပံကစားသမား ဂျီနွန်တိုကို ခေါ်ယူဖို့ ဂျာမန်ကလပ် ဖရိုင်းဘတ် ကြိုးပမ်းနေ

ဘွန်ဒက်လီဂါကလပ်ဖရိုင်းဘတ်က လိဒ်အသင်းတောင်ပံကစားသမားဂျီနွန်တိုကို ခေါ်ယူဖို့ အကြိတ်အနယ် ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂျီနွန်တိုက ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာတဲ့ လိဒ်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ သူက အသင်းအတွက် လိဂ်ပွဲစဉ် ၂၁ ပွဲ ကစားပေးခဲ့ရာမှာ ၄ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး သွင်းဂိုးမရရှိသေးသလို ဂိုးဖန်တီးမှု နှစ်ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။

သတင်းထောက်ဖလော်ရီယန်ပလက်တန်ဘာ့ဂ်ရဲ့အဆိုအရ ဂျာမန်ကလပ်ဖရိုင်းဘတ်က ဂျီနွန်တိုအတွက် အယ်လန်ရုဒ်ကွင်းမှထွက်ခွာနိုင်မယ့် လမ်းစတစ်ခုကို ကမ်းလှမ်းပေးနေတယ်လို့ သိရပါတယ်။

အခုတော့ ကလပ်အသင်းနှစ်ခုကြား ဆွေးနွေးမှုတွေ စတင်နေပြီး လိဒ်ဘက်ကလည်း ဂျီနွန်တိုကို အပြီးသတ်ရောင်းချဖို့ သို့မဟုတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်ဖြင့်စေလွှတ်ဖို့ လမ်းဖွင့်ပေးထားပါတယ်။

ဒီအပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် အနည်းငယ်ခက်ခဲနိုင်တယ်လို့ ယူဆရပေမဲ့ ဖရိုင်းဘတ်အသင်းဘက်ကတော့ အစွမ်းကုန်ကြိုးစားနေပါတယ်။