The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ပွဲအတွက် သေချာလေးပြင်ဆင်ဖို့ ပြောကြားလိုက်တဲ့ ဂယ်ရီနဗီးလ်

ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ယူရိုပါလိဂ်ဖိုင်နယ်ပွဲက သူ့ကို အန်ချင်သလိုလိုခံစားရကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ တော့တင်ဟမ် နဲ့ ယူနိုက်တက်တို့ဟာ ပြည်တွင်းပြိုင်ပွဲမှာ ရုန်းကန်နေရပေမယ့် ဥရောပမြေမှာတော့ ခြေစွမ်းကောင်းတွေပြသနေတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကလည်း အရေးကြီးနေတာဖြစ်ပြီး ဘဏ္ဍာရေးအရ ဆုကြေးပေါင်သန်း ၁၀၀ လောက်ရရှိမှာဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်ဟာ ပြည်တွင်းမှာ ရုန်းကန်နေရပေမယ့် နဗီးလ်က အသင်းဟောင်းရဲ့စွမ်းဆောင်ရည်ကို အကောင်းမြင်နေပါတယ်။ ဒါပေမယ့်လည်း ညာနောက်ခံလူဟောင်းကတော့ သူ့အနေနဲ့ အခုပွဲအတွက် စိတ်လှုပ်ရှားနေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“အဲ့တာက ကြီးမားတဲ့ပွဲပါ။ အကျိုးဆက်ကတော့ ကြီးမားပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော့်အစာအိမ်က အန်ချင်သလိုလိုခံစားနေရပါတယ်။ ပရိသတ်တစ်ဦးအနေနဲ့ဆိုရင် စိတ်လှုပ်ရှားနေပါတယ်။ ရွိုင်ကိန်းကတော့ နောက်တစ်ရက်မှာ ကြီးမားတဲ့ပွဲလို့ပြောခဲ့ပါတယ်။ ဒါက ရွိုင်တွေးနေတာပါ။ ကျွန်တော့်စိတ်ပိုင်းဆိုင်ရာက ခြားနားပါတယ်။ ကျွန်တော်က ညာနောက်ခံလူဖြစ်ခဲ့တာပါ။ ခင်ဗျားအသင်းကို ခင်ဗျားကိုယ်တိုင်က အရေးနိမ့်နေစေနိုင်တယ်ဆိုတာ ခင်ဗျားသိလား။ ခင်ဗျားအနေနဲ့ အာနိုးလ်ဖြစ်မယ်ဆိုရင် ညာနောက်ခံလူအနေနဲ့ ဒီပွဲကိုနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် ကျွန်တော်ကတော့ အသင်းအခြေအနေကို ယုံကြည်သလို ခက်ခဲမှုတွေ ဆိုးဝါးမှုတွေရှိနေပေမယ့် ဆုဖလားရမယ်လို့ ယုံကြည်ပါတယ်။ ဘောလုံးအသင်းတစ်သင်းအနေနဲ့ ဒါကဆိုးဝါးတဲ့အကျင့်မဟုတ်ပါဘူး။ သူတို့ ဖိုင်နယ်ကိုတက်ရောက်နိုင်နေဆဲပါ။ ပြည်တွင်းလိဂ်အတွင်း စွမ်းဆောင်ရည်က ဆိုးဝါးသလို တကယ့်ကိုဆိုးဝါးလွန်းတဲ့ရာသီတစ်ခုပါ”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။

ဘီလ်ဘာအိုမြေမှာ ဖိုင်နယ်မကန်ခင် ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ချဲလ်ဆီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူရိုပါလိဂ်ဖိုင်နယ်မှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ယူနိုက်တက်အနေနဲ့ ဥရောပဝင်ခွင့်ရရှိမှာဖြစ်ပြီး အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ ခက်ခဲတဲ့အခြေအနေတွေဖြစ်လာနိုင်ချေရှိနေပါတယ်။