The network connection is lost.

Banner Image

လီဆန်ဒရိုမာတီနက်ဇ်ရဲ့ အနီကတ်အတွက် ယူနိုက်တက် အယူခံဝင်

ပြီးခဲ့တဲ့ တနင်္လာနေ့ (ဧပြီလ ၁၃ ရက်) က လိဒ်စ်ယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ လီဆန်ဒရိုမာတီနက်ဇ် ရရှိခဲ့တဲ့ အနီကတ်အတွက် မန်ယူအသင်းက တရားဝင် အယူခံဝင်လိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် မာတီနက်ဇ်ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်အတွင်း လိဒ်စ်တိုက်စစ်မှူး ဒိုမင်းနစ်ကာဗတ်လူဝင်ရဲ့ ဆံပင်ကို ဆွဲခဲ့တာကြောင့် တိုက်ရိုက်အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် မန်ယူနည်းပြ မိုက်ကယ်ကားရစ်က သူ မြင်ဖူးသမျှထဲမှာ "အဆိုးရွားဆုံး" ဆုံးဖြတ်ချက်တွေထဲက တစ်ခုလို့ ဝေဖန်ခဲ့သလို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကလည်း အလားတူပဲ ဒေါသထွက်နေပါတယ်။ သည်တယ်လီဂရပ်ဖ် (The Telegraph) ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ပရီမီယာလိဂ်ဘုတ်အဖွဲ့က ဒီအနီကတ်ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ အခုလို အယူခံဝင်လိုက်တာ ဖြစ်ပါတယ်။ တကယ်လို့ ဒီပြစ်ဒဏ်ကိုသာ အတည်ပြုခဲ့မယ်ဆိုရင် မာတီနက်ဇ်အနေနဲ့ ဒီတစ်ပတ်ပိတ်ရက် ချယ်လ်ဆီးအသင်းနဲ့ သွားရောက်ကစားရမယ့်ပွဲအပြင်၊ ဘရန့်ဖို့ဒ်၊ လီဗာပူးတို့နဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ် နှစ်ပွဲကိုပါ လွဲချော်သွားမှာ ဖြစ်ပါတယ်။