ဗီလာပတ်ခ်နိုင်ပွဲနဲ့အတူ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဆီ တက်လှမ်းလာတဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာ ၂-၀ လိုင်လီ (ပွဲပြီးရလဒ်)
ပြင်သစ်မြေ၊ ပထမအကျော့ပွဲစဉ်ကို အနိုင်ရရှိထားတဲ့ အက်စတွန်ဗီလာက အခုအိမ်ကွင်းပွဲစဉ်မှာလည်း ပြိုင်ဘက်လိုင်လီကို အသာစီးရယူကစားပြီး နောက်တစ်ကြိမ်အနိုင်ယူခဲ့ပါတယ်။ အိမ်ရှင်တွေအတွက် အဖိုးတန်အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်းပွဲချိန်တွေမှာ အသင်းခေါင်းဆောင်မက်ဂင်းနဲ့ လူစားဝင်ကစားသမားဘိုင်လေတို့က သွင်းယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အူနိုင်းအမ်မရီရဲ့အသင်းက ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ရိုးမား(သို့မဟုတ်)ဘိုလော့ဂ်နာနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရပါမယ်။