The network connection is lost.

Banner Image

မေဆင်မောင့်ကိုပြန်လည်အသုံးပြုခွင့်ရမယ့်အပေါ် စိတ်လှုပ်ရှားမိကြောင်းဖွင့်ဟလာတဲ့ ကာရစ်

လာမယ့်တနင်္လာနေ့မှာ ကစားမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲအတွက် မေဆင်မောင့်ကို လူစာရင်းမှာ ထည့်သွင်းသွားမှာဖြစ်တယ်လို့ ယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က ပြောကြားလိုက်ပါတယ်။

မောင့်ဟာ ဒဏ်ရာကြောင့် အနားယူနေရတာ (၂) လလောက် ရှိပြီ ဖြစ်ပါတယ်။ "မေဆင် ပြန်လာနိုင်တာ အရမ်းကောင်းပါတယ်။

ကျွန်တော်တို့ ဒီကိုရောက်လာပြီး အသင်းနဲ့ အသားကျစပြုတဲ့အချိန်မှာပဲ သူ့ကို ချက်ချင်း လက်လွှတ်လိုက်ရတာပါ" လို့ ကာရစ်က ဒီနေ့မှာ ပြောခဲ့ပါတယ်။ "သူ့ရဲ့ ကစားဟန်နဲ့ ထက်မြက်မှုတွေကို ပြန်ရှာတွေ့ဖို့ (၂) ပတ်၊ (၃) ပတ်လောက် အချိန်ယူ တည်ဆောက်ခဲ့ရပါတယ်။ ဒါကြောင့် သူပြန်ပါလာနိုင်တာဟာ တကယ်ကို ဝမ်းသာစရာပါပဲ" လို့လည်း ဆိုပါတယ်။

 ဒါ့အပြင် ကာရစ်က ဆက်လက်ပြီး "သူ့ရဲ့ နေရာစုံ ကစားနိုင်စွမ်းက အသင်းအတွက် အင်အားတစ်ရပ်ပါပဲ။ သူက ကွင်းလယ်လူအဖြစ်ရော၊ တိုက်စစ်အလယ်နဲ့ တောင်ပံတွေမှာပါ ကစားနိုင်ပြီး မတူညီတဲ့ အခန်းကဏ္ဍ အများကြီးမှာ တာဝန်ယူနိုင်ပါတယ်။ သူဟာ အသင်းအတွက် အလေးထားကစားပေးတဲ့ ကစားသမားကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ သူက ကျွန်တော် တကယ်သဘောကျတဲ့ ကစားသမားတစ်ယောက်ပါ။ မေဆင်ဆီကနေ မျှော်လင့်စရာတွေ အများကြီး ရှိနေပါသေးတယ်။

သူ ကြံ့ခိုင်မှု အပြည့်အဝ ပြန်ရဖို့အတွက် ကျွန်တော်တို့က စိတ်ရှည်ရှည်နဲ့ အချိန်ပေးရမှာ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ သူဟာ အခြေအနေကောင်းတစ်ခုမှာ ရှိနေပါပြီ" လို့ ပြောကြားခဲ့ပါတယ်။