တော့တင်ဟမ်နည်းပြပွဲဦးထွက်မှာ ရှုံးပွဲကြုံခဲ့တဲ့ ဒီဇာဘီ
ဆန်းဒါးလန်း ၁-၀ တော့တင်ဟမ် (ပွဲပြီးရလဒ်)
အလင်းရောင်ကွင်းကြီးမှာစတင်လာတဲ့ ဒီဇာဘီရဲ့တော့တင်ဟမ်နည်းပြဘဝခရီးလမ်းအဖွင့်ပွဲစဉ်မှာ အသင်းရဲ့ကစားပုံ အနည်းငယ်တိုးတက်လာပေမဲ့ တိုက်စစ်ပိုင်းမှာတော့ ရစ်ချာလီဆန်ရော၊ ဆိုလန်ကီပါ ခြေပျက်နေလို့ ထိရောက်တဲ့တိုက်စစ်ဆင်မှုမျိုး ပြုလုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အခုပွဲစဉ်အတွင်း အိမ်ရှင်တွေအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်တစ်နာရီဝန်းကျင်မှာ နောက်ခံလူမူခီလီက သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဆန်းဒါးလန်းရဲ့ဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက် ရှေ့ဆက်နိုင်ခဲ့ပြီး တဖက်မှာတော့ တော့တင်ဟမ်က တန်းဆင်းဇုန်မှရုန်းမထွက်နိုင်ဘဲ ဖိအားတွေ ကြီးမားလာခဲ့ပါတယ်။