The network connection is lost.

Banner Image

တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ လီဗာပူးနောက်ခံလူရောဘတ်ဆန်

လီဗာပူးအသင်းမှထွက်ခွာတော့မယ့် နောက်ခံလူရောဘတ်ဆန်က တော့တင်ဟမ်အသင်းဆီပြောင်းရွှေ့ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။

လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရောဘတ်ဆန်က အခုဘောလုံးရာသီပြီးဆုံးချိန် လီဗာပူးအသင်းမှထွက်ခွာမယ်လို့ မကြာသေးမီရက်ပိုင်းအတွင်း အတည်ပြုကြေညာခဲ့ပါတယ်။

ရောဘတ်ဆန်က ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ ပြင်ဆင်ခဲ့ဖူးပေမဲ့ နွေရာသီမှာတော့ မြောက်လန်ဒန်အရပ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူဖာဘရီဇီယိုရိုမာနိုကလည်း "တော့တင်ဟမ်အသင်းက ၂၀၂၆ ခုနှစ်၊ ဇွန်လမှာ ရောဘတ်ဆန်ကို ခေါ်ယူဖို့အတွက် နှုတ်ကတိနဲ့ သဘောတူညီမှုရရှိထားပြီး အချက်အလက်အားလုံးလည်း အဆင်ပြေနေပါပြီ။ ဒါပေမဲ့ ရှေ့ဆက်ဖို့အတွက် ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဆက်ရှိနေဖို့က အဓိကကျတဲ့ အချက်ဖြစ်တာကြောင့် အခုထိတော့ လက်မှတ်ထိုးပြီး အပြီးသတ်တာမျိုး မရှိသေးပါဘူး။ တကယ်လို့ တန်းဆင်းဇုန်တိုက်ပွဲမှာ ရလဒ်ကောင်းမယ်ဆိုရင် ရောဘတ်ဆန်က တော့တင်ဟမ်ရဲ့စီမံကိန်းကို ရွေးချယ်ဖို့ အသင့်ပါပဲ" လို့ ရေးသားဖော်ပြခဲ့ပါတယ်။