The network connection is lost.

Banner Image

ပေါ်တူဂီမြေမှာ အနိုင်အရှုံးအဖြေမပေါ်ခဲ့တဲ့ ပေါ်တိုနဲ့ နော်တင်ဟမ်ဖောရက်စ်

ပေါ်တို ၁-၁ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)

ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်က ဥရောပအဆင့် အဝေးကွင်းပွဲစဉ်မှာတော့ ကျေနပ်စရာရလဒ်တစ်ခု ရရှိသွားခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာပဲ အိမ်ရှင်တွေက ဝီလျံဂိုးမက်စ်ရဲ့ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ မာတင်ဖာနန်ဒက်စ်ရဲ့ အံ့အားသင့်ဖွယ် Own Goal ဖြင့် ပြိုင်ဘက်ဆီ ချေပဂိုး ပြန်လည်ခွင့်ပြုပေးလိုက်ရပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ ပေါ်တိုအတွက် အခွင့်အရေးအချို့ပေါ်ပေါက်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။