The network connection is lost.

Banner Image

ဆောက်ဂိတ်ရဲ့နေရာကို ပရီးမီးယားလိဂ်နည်းပြဟောင်းနှင့် အစားထိုးချင်နေတဲ့ ဂယ်ရီလိုင်ကာ

ယူရို ၂၀၂၄ ဖိုင်နယ်မှာ စပိန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၂ ရက်အကြာမှာတော့ ဆောက်ဂိတ်ဟာ လက်ရွေးစင်အသင်းနည်းပြ ရာထူးမှ နုတ်ထွက်ဖို့အတွက် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အသက် ၅၃ နှစ်အရွယ် နည်းပြဟာ အင်္ဂလန်လက်ရွေးစင်အသင်းကို အဓိကပြိုင်ပွဲ ၄ ခုတွင် ကိုင်တွယ်ခဲ့ပြီး ၂ ကြိမ်ဆက်တိုက် ယူရိုဖိုင်နယ်သို့ရောက်ရှိအောင် ဦးဆောင်နိုင်ခဲ့ကာ သမိုင်း တစ်လျှောက် ပထမဆုံး အသင်းဖြစ်လာခဲ့ပါတယ်။

ဘွတ်ကီဒိုင်တွေရဲ့ လေးပေးမှုတွင် ပေါ်တာဟာ ဦးစားပေးမှာရှိနေပြီး နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကလည်း အလားအလာရှိတဲ့သူတွေထဲမှာ ရှေ့ဆုံးကရှိနေပါတယ်။ ဆောက်ဂိတ်ရဲ့ နုတ်ထွက်မှု တရားဝင်မကြေညာမီ လိုင်ကာက ကလော့ပ်ကို နံပါတ်တစ်ဦးစားပေးအဖြစ် ထားရှိဖို့အတွက် အက်ဖ်အေကို တိုက်တွန်းခဲ့ပါတယ်။

"အသင်းကို ဆက်လက်ဦးဆောင်ဖို့အတွက် သူဟာ သင့်လျော်တဲ့သူဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်"  "အခုတော့ ခေတ်သစ်တစ်ခု၊ တိုက်စစ်ကစားသန်အသစ်တွေရောက်လာဖို့ တစ်စုံတစ်ယောက်အတွက် အချိန်ကျလာပါပြီ။ ခံစစ်အသားပေးကစားနေမယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ ဝေးကွာသွားမယ်လို့ ကျွန်တော်ထင်ပါတယ်" "အင်္ဂလိပ်လူမျိုးဆိုရင်တော့ ကျွန်တော်တို့ ပြောခဲ့သလိုပဲ လမ်းပတ်ကို လေးစားမှုပြသင့်ပါတယ်။ ဒါပေမဲ့ ကလော့ပ်ကို ခန့်အပ်ဖို့တော့ မလုပ်သင့်ပါဘူး" လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်းက the Rest is Football podcast တွင် ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ရာသီကုန်မှာ ကလော့ပ်ဟာ လီဗာပူးကနေ ထွက်ခွာခဲ့တာဖြစ်ပြီး အန်ဖီးလ်ရှိ ၉နှစ်တာ နည်းပြခဲ့တဲ့ ကာလအပြီးမှာတော့ နည်းပြလောကကနေ ၁ နှစ်လောက် အနားယူမယ်လို့ ပြောကြားခဲ့တာပါ။ လိုင်ကာရဲ့ podcast ရှိ ပူးတွဲတင်ဆက်သူ အလန်ရှီးယားနဲ့ မီကာရစ်ချက်တို့ကလည်း အင်္ဂလန်နည်းပြရာထူးအတွက် သူတို့ သဘောကျတဲ့ သူတွေရဲ့နာမည်ကို ပြောကြားထားပါတယ်။

"အင်္ဂလန်နည်းပြရာထူးအတွက်ဆိုရင်တော့ အက်ဒီဟောင်းသာ ဖြစ်နိုင်ချေအရှိဆုံးလို့ ကျွန်တော်ထင်ပါတယ်။ သူက နယူးကာဆယ်မှာ အများကြီးလုပ်ပြခဲ့တာပါ။ အခုထွက်သွားတဲ့သူနေရာမှာ အက်ဒီဟောင်ကို ခန့်အပ်ရမှာပါ" လို့ ရှီးယားက ပြောပါတယ်။ မီကာရစ်ချက်ကတော့ "ကျွန်တော်တော့ ပိုကောင်းတဲ့နည်းပြတစ်ဦးကို သဘောကျပြီး ဂွါဒီယိုလာကို ခန့်အပ်စေချင်ပါတယ်" လို့ ပြောပါတယ်။ ကျွန်တော်တို့အားလုံးကလည်း ပက်ကိုသဘောကျမှာပါ။ ဒါပေမဲ့ ကလော့ပ်က အသင်းလက်မဲ့ဖြစ်နေပြီး အနားယူဦးမယ်လို့လည်း ပြောထားတာပါ။ ကလပ်နည်းပြတွေက ငွေကြေးတွေ အများကြီးရရှိကြပါတယ်။ အက်ဖ်အေနေနဲ့ ဒီလိုပမာဏမျိုး ပေးနိုင်မယ်လို့ မထင်ပါဘူး" လို့ လိုင်ကာက ပြောပါတယ်။