The network connection is lost.

Banner Image

လီဗာပူးတောင်ပံကစားသမားကိုနေး-ဒိုဟာတီကို ခေါ်ယူလိုက်တဲ့ မိုလ်ဒီ

လီဗာပူးအသင်းက သူတို့ရဲ့လူငယ်ကြယ်ပွင့် ထရန့်ကိုနေး-ဒိုဟာတီကို နော်ဝေကလပ်အသင်းမိုလ်ဒီဆီ ရောင်းချလိုက်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ကိုနေး-ဒိုဟာတီက လာမယ့်ဘောလုံးရာသီကုန်ဆုံးချိန် စာချုပ်သက်တမ်းပြည့်မြောက်ဖို့ရှိနေပြီး အခုအချိန်မှာတော့ လီဗာပူးမှထွက်ခွာသွားပါတယ်။

လီဗာပူးက ဒီရောင်းချမှုအတွက် ပြောင်းရွှေ့ကြေး ယူရိုခုနစ်သိန်းခွဲဝန်းကျင် ရရှိနိုင်ပြီး နောက်တစ်ကြိမ် ပြန်လည်ရောင်းချမှုမှတဆင့် ရာခိုင်နှုန်းအများအပြားပြန်လည်ရရှိမယ့် (sell-on clause) အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားတယ်လို့ Mirror သတင်းဌာနမှ ဖော်ပြပါတယ်။

ကိုနေး-ဒိုဟာတီက မိုလ်ဒီအသင်းရဲ့ ရာသီသစ်အဖွင့်ပွဲစဉ်မှစလို့ ပါဝင်ကစားနိုင်ပါလိမ့်မယ်။

သူက လူမှုကွန်ရက်မှတဆင့် “မိုလ်ဒီအသင်းနဲ့အတူ ကျွန်တော့်ရဲ့ကစားသမားဘဝ အခန်းကဏ္ဍသစ်တစ်ခုစတင်နိုင်ဖို့ တကယ်ကို စိတ်လှုပ်ရှားနေပါတယ်။ အရင်ထက်လည်း ပိုပြီးကြိုးစားသွားပါဦးမယ်။ ပြီးခဲ့တဲ့သုံးနှစ်ခွဲကာလအတွင်း ကျွန်တော့်ကို အခုလိုကစားသမားကောင်းတစ်ဦးဖြစ်လာအောင် ကူညီပေးခဲ့ကြတဲ့ လီဗာပူးအသင်းဝင်တိုင်းကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ကိုနေး-ဒိုဟာတီက မိုလ်ဒီအသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။