အီဆက်ခ်ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ လီဗာပူးပရိသတ်တွေဆီ သတင်းဆိုးပေးပို့ခဲ့တဲ့ ဂရေဟမ်ပေါ်တာ
ဆွီဒင်လက်ရွေးစင်အသင်းနည်းပြဂရေဟမ်ပေါ်တာက လီဗာပူးတိုက်စစ်မှူးအီဆက်ခ်မှာ ပွဲကစားဖို့အတွက် ကြံ့ခိုင်မှုမပြည့်ဝသေးဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ပေါ်တာက အီဆက်ခ်ကိုယ်တိုင်လည်း အခုနွေရာသီ၊ ရာသီကြိုပြင်ဆင်မှုကာလလွဲချော်ပြီးနောက် ရက်သတ္တပတ်အတွင်း ပွဲချိန်ပြည့်နှစ်ပွဲဆက်ကစားဖို့ မစီမံနိုင်သေးဘူးလို့ ဆိုပါတယ်။ ဆွီဒင်တိုက်စစ်မှူးက အခုနွေရာသီကာလတလျှောက်လုံး လီဗာပူးဆီပြောင်းရွှေ့နိုင်ဖို့အတွက် နယူးကာဆယ်ကို ဖိအားပေးခဲ့ရပါတယ်။
သတင်းမီဒီယာတွေ့ဆုံမှုတစ်ခုအတွင်း ပေါ်တာက “ အီဆက်ခ်ဟာ ကောင်းမွန်တဲ့ရက်သတ္တပတ်တစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပြီး အဆင်သင့်လည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ သူက ကာလတစ်ခုလောက် အနားယူခဲ့ရလို့ သူ့ကို ကျွန်တော်တို့တွေ လိမ္မာပါးနပ်စွာ အသုံးပြုသွားရပါမယ်။ သူ့အတွက် မိနစ် ၉၀ ပြည့်နှစ်ပွဲဆက်ကစားဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ မနက်ဖြန်မတိုင်ခင်အထိ စောင့်ကြည့်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ပေါ်တာက “ ဆွီဒင်လက်ရွေးစင်အသင်းနဲ့ပတ်သက်လို့ အီဆက်ခ်ကိုယ်တိုင်လည်း အခြားသူတွေလိုပါပဲ။ ကျွန်တော်တို့ရဲ့ရလဒ်ပိုင်းတွေကို သူ စိတ်ပျက်နေပါတယ်။
ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒါက ရှင်းပါတယ်။ ဒါပေမဲ့ အခုဒီမှာ ကျွန်တော်မြင်တွေ့နေရသူတွေက ပိုကောင်းအောင်လုပ်ချင်တဲ့၊ ရလဒ်တွေအပေါ် စိတ်ပျက်နေတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။ သူတို့တွေက နိုင်ငံ့အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ပေးဖို့ စိတ်အားထက်သန်နေပြီး ဒီအပေါ်မှာလည်း စိတ်ခံစားချက်တွေ ရှိကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။